06 Apr 2026

Quarterly Operational Risk Training

(၁၅.၁.၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် (၃၇) လမ်းဘဏ်ရုံးချုပ်၌ Operational Risk Team မှ ဘဏ်ခွဲများသို့ ပုံမှန်တောင်းခံလျက်ရှိသည့် Monthly Report များနှင့် ပတ်သက်၍ ဘဏ်ခွဲရှိ Operational In-charge (OI) များနှင့် Teller များအား Online Training ပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဘဏ်ခွဲများတွင် နေ့စဉ်ဘဏ်လုပ်ငန်းခွင်အတွင်း ပုံမှန်မဟုတ်သောဖြစ်စဉ်များ ဖြစ်ပေါ်လာပါက Incident Report အား အချိန်မီပေးပို့ရမည်ကို သိရှိလိုက်နာရန်၊
  • ပုံမှန်စစ်ဆေးပေးပို့ရမည့် Checklist နှင့် Report များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရုံသာမက လက်တွေ့တွင်လည်း ကောင်းစွာ လိုက်နာဆောင်ရွက်စေရန်၊
  • ဘဏ်ခွဲရှိ ဝန်ထမ်းများအနေဖြင့် vault သော့များအား ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် လွှဲပြောင်းခြင်း များ ပြုလုပ်ရာတွင် စနစ်တကျလုပ်ဆောင်စေရန်၊
  • ဘဏ်ခွဲရှိတာဝန်ရှိသူများအနေဖြင့် ဘဏ်ခွဲရှိ CCTV များ၏ အရည်အသွေးများနှင့် ကောင်းမွန်စွာ အလုပ်လုပ်/မလုပ်ကို သေချာစစ်ဆေးသည့် အလေ့အကျင့်များရှိလာစေရန်၊

Related Updates