21 Jan 2026

မြန်မာနိုင်ငံသားများဘဏ် (MCB) ရုံးချုပ်တွင် Financial Risk Awareness Training သင်တန်း ပြုလုပ်ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့က မြန်မာနိုင်ငံသားများဘဏ် (ရုံးချုပ် – ဆူးလေ) တွင် Financial Risk Team မှ ဦးစီး၍ ဝန်ထမ်းသစ်များ (New Joiners)၊ ဒုတိယတာဝန်ခံများ (2ICs)၊ လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ခံများ (Operations In-Charges)၊ Customer Service Associates များနှင့် ငွေကောင်တာဝန်ထမ်းများ (Tellers) အတွက် “ Financial Risk Awareness Training” (ဘဏ္ဍာရေးဆိုင်ရာ စွန့်စားရနိုင်မှုများအကြောင်း အသိပညာပေးသင်တန်း) ကို ပြုလုပ်ကျင်းပခဲ့ပါသည်။
ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်မှ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အဓိကကျသော Financial Risks များ၊ အထူးသဖြင့် Credit Risk၊ Liquidity Risk နှင့် Market Risk တို့နှင့် ပတ်သက်၍ အသိပညာဗဟုသုတများနှင့် နားလည်သဘောပေါက်မှုများ ပိုမိုတိုးပွားလာစေရန် ဖြစ်ပါသည်။
သင်တန်း၏ ရည်မှန်းချက်များမှာ –

  • နေ့စဉ် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများတွင် ဖြစ်ပေါ်လာနိုင်သည့် အဓိက Financial Risks များကို ခွဲခြားသိမြင်နိုင်စေရန်
  • Financial Risks ဖြစ်ပေါ်စေသည့် အကြောင်းရင်းများနှင့် အမျိုးအစားများကို နားလည်သဘောပေါက်စေရန်
  • အခြေခံ Risk Assessment Tools (စွန့်စားရနိုင်ခြေ ဆန်းစစ်လေ့လာခြင်း ကိရိယာများ) ကို လေ့လာသိရှိစေရန်
  • ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေရန်အတွက် ထိရောက်သော Risk Management (စွန့်စားရမှု စီမံခန့်ခွဲခြင်း) ၏ အရေးပါပုံကို နားလည်တန်ဖိုးထားတတ်စေရန် တို့ဖြစ်ပါသည်။


ဤသင်တန်းတွင် ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများ ကြုံတွေ့ရလေ့ရှိသော Financial Risks များနှင့် ပတ်သက်၍ ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် Credit Risk, Liquidity Risk နှင့် Market Risk တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဓိကအချက်များ၊ အမျိုးအစားများနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကိုပါ အလေးထား ရှင်းလင်းပို့ချခဲ့ပါသည်။
Financial Risk Team အနေဖြင့် ဝန်ထမ်းများ၏ Risk ဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်စေရန်အတွက် ယခုကဲ့သို့သော အသိပညာပေးသင်တန်းများကို ပုံမှန်ပို့ချပေးလျက် ရှိပါသည်။

Related Updates