Home » ဝန်ထမ်းသစ်များအား Operational Risk ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ သင်တန်းပို့ချခြင်း။
Updates and Informations
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် Operational Risk Team မှ Operational Risk နှင့် သက်ဆိုင်သော ရုံးတွင်းညွန်ကြားချက်များ၊ ဘဏ်လုပ်ငန်းလုပ်ဆောင်ရာတွင် သိရှိလိုက်နာလုပ်ဆောင် ရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များ၊ Operational Risk မှ ပုံမှန်တောင်းခံလျက်ရှိသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ သိကောင်းစရာများအား New Joiner များဖြစ်သော Branch Manager များ၊ 2IC များ၊ Operation Incharge များ၊ Relationship Manager များ၊ Customer Service Associate များ၊ Teller များနှင့် Management Trainee များကို မြန်မာနိုင်ငံသားများဘဏ်လီမိတက်ရုံးချုပ် (ဆူးလေ) ၌ သင်တန်းပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ယခုသင်တန်းကို တက်ရောက်ခဲ့သော ဝန်ထမ်းများသည် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ဖော်ထုတ်နိုင်စေရန်နှင့် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။ Operational Risk နှင့် ပတ်သက်သည့် သင်တန်းများကို Operational Risk Team မှ ပုံမှန်ပို့ချလျက်ရှိပါသည်။