19 Aug 2019

မကွေးဘဏ်ခွဲ ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတတ်၏ (၃၂) ခုမြောက်ဘဏ်ခွဲဖြစ်သော မကွေး ဘဏ်ခွဲအား (၁၉-၉-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဘဏ်ခွဲဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်သည့်နေ့မှသပြီး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှိုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ်(၅၆) ၊ ပြည်တော်သာလမ်း၊ ရန်ပယ်ရပ်ကွက်၊ မကွေးမြို့၊ မကွေးတိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းမကွေး ဘဏ်ခွဲသည်(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း အဋ္ဌမအကြိမ်မြောက် ဖွင့်လှစ်သော ဘဏ်ခွဲဖြစ်ပြီး မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် မကွေးမြို့တွင် ပထမမြောက်ဖွင့်လှစ်သည့်ဘဏ်ခွဲဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် မကွေးမြို့ပေါ်နေပြည်သူများ ငွေကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လွဲပြောင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပြီး မကွေးတိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတတ်မှုကို တစ်ဖက်တစ်လမ်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

Other News