၂၀၂၀ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့တွင် Myanmar Citizens Bank (MCB) နှင့် Capital Taiyo Life Insurance Ltd. (CTLI) တို့သည် အောင်မြင်သည့် bancassurance model တစ်ခုကို အကောင်အထည်ဖော် ပူးပေါင်းလုပ်ဆောင်ရန် bancassurance လုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)ကို သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပါသည်။
Customer များအတွက် CTLI ၏ အသက်အာမခံထုတ်ကုန်များအား ပရိုမိုးရှင်းပြုလုပ်ခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဖြန့်ချိခြင်းနှင့် ရောင်းချခြင်းများတွင် MCB မှ အာမခံဝန်ဆောင်မှုပေးသည့် ကြားခံအနေနှင့် အနာဂတ်တွင် လုပ်ငန်းမိတ်ဖက်များအဖြစ် ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။
Bancassurance သည် ဘဏ်နှင့်အာမခံကုမ္ပဏီတို့ ပူးပေါင်း၍ အမျိုးမျိုးသောအာမခံထုတ်ကုန်များအား ဘဏ်မှတဆင့် ရောင်းချသည့် business model တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) တို့၏ အတည်ပြုချက်ဖြင့် ဘဏ်များနှင့် မိုက်ခရိုဖိုင်းနန့်အဖွဲ့အစည်းများအား အာမခံထုတ်ကုန်များရောင်းချသည့် အေးဂျင့်များအဖြစ် ခွင့်ပြုသည့် IBRB ၏ ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်သော ညွှန်ကြားချက်အရ Bancassurance သည် အဓိကကျသော sales channel အဖြစ် နောင်တွင် မြန်မာနိုင်ငံ၌ တွင်ကျယ်လာမည်ဟုလည်း မျှော်မှန်းရပါသည်။
CTLI ၏ အမှုဆောင်အရာရှိဖြစ်သူ ဦးရန်ပိုင်စိုးဦးမှ “အထင်ရှားဆုံးမိတ်ဖက်ဖြစ်တဲ့ MCB နဲ့ MOU ရေးထိုးနိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ လုပ်ငန်းနှစ်ဘက်စလုံးရဲ့ ခိုင်မာမှုကို မြှင့်တင်ပေးမယ့် လုပ်ငန်းသစ်တစ်ခု စတင်ခြင်းကနေ တန်ဖိုးသစ်တွေ ဖြစ်ထွန်းလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အနာဂတ်တိုးတက်မှုတွေကို ကြိုလင့်နေပါပြီ။ အာမခံထုတ်ကုန်တွေနဲ့ပတ်သက် လို့ အဓိကအားဖြင့် MCB customer တွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေ စီစဉ်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုကနေ customer တွေရဲ့ စိတ်ကျေနပ်မှု ပိုရစေဖို့ ရည်မှန်းပါတယ်။ ဒီလို လုပ်ငန်းပိုင်း ပူးပေါင်းဆောင်ရွက်မှုကတဆင့် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဈေးကွက်တည်ရှိမှုကို သေသေချာချာ မြှင့်တင်သွားချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MCB ၏ အမှုဆောင်အရာရှိဖြစ်သူ Mr. Godfrey Swain မှ “CTLI နဲ့ လက်မှတ်ထိုးထားတဲ့ MOU ကနေ MCB အနေနဲ့ အသက်အာမခံထုတ်ကုန်ဝန်ဆောင်မှုတွေကို ရောင်းချပေးမယ့် ၉ လတာ pilot project ကို စတင်ပါမယ်။ ညွှန်ကြားချက်အရ ဘဏ်တစ်ခုကို အသက်အာမခံကုမ္ပဏီနှစ်ခုနဲ့ မိတ်ဖက်သဘောတူညီချက် ပြုလုပ်နိုင်ပြီး၊ MCB က CTLI ကို မိတ်ဖက် လုပ်ငန်းတစ်ခု အဖြစ် ရွေးချယ်ထားပါတယ်။ ဘဏ်အနေနဲ့ ရွေးချယ်မယ့် အသက်အာမခံအဖွဲ့အစည်းနဲ့ ၂၀၂၁ ရဲ့ တတိယသုံးလတာအတွင်း ရေရှည် မိတ်ဖက်သဘောတူညီချက် ပြုနိုင်ဖို့ RFP စတင် မတောင်းခံခင်မှာ ရွေးချယ်ထားတဲ့ ဘဏ်ခွဲတွေကနေ ဝန်ဆောင်မှုတွေကို ရောင်းချသွား ပါမယ်။” “MCB နဲ့ မြန်မာနိုင်ငံမှာရှိထားတဲ့ ဘဏ်ရဲ့ဈေးကွက်အနေအထားကို ၂၀၂၃ ခုနှစ် နောက်ဆုံးထားပြီး လုံးဝပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ customer တွေ၊ MCB 4.0 အသွင်းကူးပြောင်းရေးပရောဂျက်မှာ ပါဝင်သူတွေအတွက် future wealth management service ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပေါ်ပေါက်လာစေဖို့ ခုလို လုပ်ငန်းသစ်ကြီးတစ်ခုကို စတင်လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။