26 Oct 2022

မြန်မာနိုင်ငံဘဏ်များအသင်းမှ (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ” နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသင်းဝင် ဘဏ်အသီးသီးသို့ ဖြန့်ဝေခဲ့ပါသည်။ယင်းထုတ်ပြန်ချက်တွင် (AML/CFT) ဆိုင်ရာ ဆပ်ကော်မတီအား ဖွဲ့စည်းဆောင်ရွက်စေခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများ၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ လက်နက်ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း နှင့် အသင်းဝင်ဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုများ စသည့် ကိစ္စရပ်များအား အသင်းဝင်ဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနိုင်ရန် မြန်မာနိုင်ငံဘဏ်များအသင်းမှ ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း အသိပေးထုတ်ပြန်ကြေငြာခဲ့ပါသည်။

ထုတ်ပြန်ချက် အပြည့်အစုံကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် အောက်ဖော်ပြပါ လင့်ခ်တွင်ဖတ်ရှုနိုင်ပါသည်။

English: Click Here

Myanmar: Click Here

Related News