Home » Financial Risk Training
Updates and Informations
(၂၆.၂.၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဆူးလေ(ရုံးချုပ်)၌ Financial Risk Team မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် (၇) မျိုး အနက်မှ Credit Risk, Liquidity Risk နှင့် Market Risk တို့၏ သဘောသဘာဝ နှင့် အရေးပါပုံတို့ အား New Joiner များ ဖြစ်ကြသည့် Customer Service Associate (CSA) များနှင့် Teller များအား သင်တန်းပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များမှာ ဘဏ်များ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ ဆုံးရှုံးနိုင်ခြေများရှိသည်ကို သိရှိနိင်စေရန်၊ ထိုဆုံးရှုံးနိုင်ခြေများကို လုံလောက်စွာ စီမံခန့်ခွဲခြင်းမရှိပါက သိသာထင်ရှားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ အမြတ်ရရှိနိုင်မှုနှင့် မတည်ရင်းနှီးငွေ အရင်းအမြစ်များကို လျော့နည်းစေခြင်း၊ ငွေအပ်နှံသူများ၏ အပ်ငွေများ ဆုံးရှုံးနိုင်ပြီး ငွေရေးကြေးရေး တည်ငြိမ်မှုအပေါ် အန္တရာယ်ကျရောက်စေခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်းကို သိရှိစေရန် ရည်ရွယ်ပါသည်။