MCB ဘဏ်ကတစ်ဆင့် နိုင်ငံတကာငွေလွှဲများ ထုတ်ယူကာ ‌‌ရွှေသားနဲ့ ငွေသားဆုကြီးတွေ ကံထူးနိုင်မယ့် အခွင့်အရေးကြီး လာပါပြီ။

MCB မှာ နိုင်ငံတကာငွေလွှဲတွေ ထုတ်ယူရင်း 1 USD လျှင် (၃၀) ကျပ်အပြင် MCB ဘဏ်မှ ထပ်ဆောင်းငွေ (၁၀) ကျပ်ကို ရယူရင်း ရွှေသားနဲ့ ငွေသားဆုလက်ဆောင်ကြီးတွေပါ ထပ်မံ (၂)ထပ်ကွမ်း ပိုင်ဆိုင်နိုင်မယ့် “MCB ရဲ့ ရွှေမိုးငွေမိုးရွာ ငွေလွှဲထုတ်ရင်း ကံထူးပါ” အထူးအစီအစဉ်ကြီး ရောက်ရှိလာပါပြီ။

ပါဝင်နိုင်မည့်သူများ

MoneyGram, Merchantrade, RIA, PayForex, Truemoney, Terrapay, DollarSmart, နဲ့ Myanmar Remit @ City Express မိတ်ဖက်များကို အသုံးပြု၍ MCB ဘဏ်တွင် ငွေလွှဲလက်ခံသူတိုင်း ပါဝင်နိုင်ပါသည်။

ရွှေသားနှင့် ငွေသားဆုကြီးများကို ကံစမ်းခွင့်ရယူနိုင်မည့်နည်းလမ်း

ပြည်ပကပေးပို့လာတဲ့ နိုင်ငံတကာငွေလွှဲတွေကို MCB ဘဏ်ကတစ်ဆင့် ငွေကျပ် (၁၅) သိန်း သို့မဟုတ် (၁၅) သိန်းနှင့်အထက်ကို လက်ခံတိုင်းမှာ ကံစမ်းခွင့် တစ်ကြိမ်ရရှိမှာပဲ ဖြစ်ပြီး အကြိမ်ရေ အကန့်အသတ်မရှိ ပါဝင်ကံစမ်းခွင့် ရရှိမှာ ဖြစ်ပါသည်။

ငွေသားထုတ်ယူနိုင်မည့် နည်းလမ်းများ

  1. မှတ်ပုံတင်မူရင်းနဲ့ ငွေလွှဲ PIN နံပါတ် အသုံးပြုပြီး နီးစပ်ရာ MCB ဘဏ်ခွဲများမှာ ထုတ်ယူခြင်း။
  2. Remit Savings Account ထဲ တိုက်ရိုက်လက်ခံခြင်း။
  3. CTZPay Wallet ထဲ တိုက်ရိုက်လက်ခံနိုင်ခြင်း။
  4. မှတ်ပုံတင်မူရင်းနဲ့ ငွေလွှဲ PIN နံပါတ် အသုံးပြုပြီး နီးစပ်ရာ MCB ဘဏ်ခွဲများမှာ ထုတ်ယူခြင်း။
  5. Remit Savings Account ထဲ တိုက်ရိုက်လက်ခံခြင်း။
  6. CTZPay Wallet ထဲ တိုက်ရိုက်လက်ခံနိုင်ခြင်း။

ကမ်ပိန်းကာလ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ။

ဆုလက်ဆောင်များ

Grand Prize ဆုကြီး

  1. ရွှေ (၁) ကျပ်သား နှင့် ငွေသား (၁၀) သိန်းဆု – (၅ ဆု)

လစဉ် ကံစမ်းနိုင်မည့် ငွေသားဆုများ

  1. ငွေသား ၁၀ သိန်းဆု – (၁) ဆု
  2. ငွေသား ၅ သိန်းဆု – (၁) ဆု
  3. ငွေသား ၃ သိန်းဆု – (၁) ဆု
  4. ငွေသား ၁ သိန်းဆု – (၅) ဆု
  5. ငွေသား ၅ သောင်းဆု – (၁၀) ဆု

စည်းကမ်းသတ်မှတ်ချက်များ

  • Campaign ကာလအတွင်း ကျပ် (၁၅)သိန်း သို့မဟုတ် ကျပ် (၁၅) သိန်းနှင့်အထက် နိုင်ငံတကာငွေလွှဲလက်ခံသည့် အကြိမ်အရေအတွက်တိုင်းအတွက် ကံစမ်းခွင့် (၁) ကြိမ်နှုန်းဖြင့် ကံစမ်းခွင့်အကြိမ်အရေအတွက် အကန့်အသတ်မရှိ ရရှိမည်ဖြစ်သည်။

  • ရွေသားနှင့်‌ ငွေသွားဆုလက်ဆောင်များကို ဆုမဲကြေငြာပြီး နှစ်ပတ်အကြာတွင် ပေးအပ်သွားမည် ဖြစ်ပါသည်။

  • ကမ်ပိန်း၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ကာလများကို MCB ဘဏ်ဘက်မှ အချိန်မရွေးပြုပြင်ပြောင်းလဲခွင့် ရှိပါသည်။

  • MCB ဘဏ်ရဲ့ ဝန်ထမ်းများ ပါဝင်ခွင့် မရှိပါ။

  • အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

  • Grand Prize ဆုကြီးများဖြစ်သည့် ရွှေသားနှင့် ငွေသားဆုကြီးများကို ကံထူးနိုင်ရန်အတွက် ကမ်ပိန်းကာလအတွင်း လစဉ် တစ်လလျှင် အနည်းဆုံး ငွေကျပ် (၁၅) သိန်း ထုတ်ယူထားသူဖြစ်ဖို့ လိုအပ်ပါသည်။