CTZPay WALLET ဆိုတာဘာလဲ?

CTZPay  စီတီဇင်ပေးသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို လုပ်ဆောင်နိုင်သော လူမှုဘဝအကျိုးပြု အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ လူမှုဘဝလိုအပ်ချက်များနှင့် ငွေပေးချေမှုတို့ကို ပေါင်းစပ်ကာ နေ့စဉ်အသုံးပြုလေ့ရှိသည့် ဘတ်စ်ကားလက်မှတ်ဝယ်ယူခြင်း၊ ဘေလ်ပေးဆောင်ခြင်းမှသည် အစားအသောက်မှာယူခြင်းနှင့် အလှူဒါနပြုလုပ်ခြင်းများထိပါ လွယ်ကူလျင်မြန်စွာ စမတ်ကျကျပြုလုပ်နိုင်သည့် ငွေကြေးဆိုင်ရာ အက်ပလီကေးရှင်းဖြစ်ပါသည်။ စီတီဇင်ပေးအသုံးပြုသူများအနေဖြင့် အခါအားလျော်စွာပြုလုပ်လေ့ရှိသည့် ပရိုမိုးရှင်းများကို ခံစားရရှိနိုင်ရုံသာမက အသုံးပြုလေအကျိုးထူးလေဖြစ်သည့် အစီအစဉ်ကောင်းများ၌လည်း ပါဝင်နိုင်ပါသည်။

စီတီဇင်ပေး ရဲ့ အဓိကရည်ရွယ်ချက်

စီတီဇင်ပေးသည် ပိုမိုသာလွန်သော ငွေပေးချေမှုပုံစံသစ်နှင့် အကောင်းဆုံးသောဝန်ဆောင်မှုများကို ဆောင်ကျဉ်းပေးနေရင်း နေ့စဉ်ငွေပေးချေမှုအဖြာဖြာအတွက် အဆင်ပြေလွယ်ကူမြန်ဆန်မှုနှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုများကိုပါ လုပ်ဆောင်နိုင်သည့် အကောင်းဆုံးသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု အတွေ့အကြုံသစ်များကို ပေးစွမ်းနိုင်ရန် အဓိကရည်ရွယ်ပါသည်။

CTZPay Services

မြန်မာနိုင်ငံတဝှမ်းလုံးရှိ CTZPay ဖုန်းပိုက်ဆံ ဝန်ဆောင်မှု ရရှိသော စတိုးဆိုင်၊ စူပါမားကတ် နှင့် စားသောက်ဆိုင် များတွင် ငွေပေးချေခြင်း နှင့် ကုန်ပစ္စည်း ဝယ်ယူခြင်းဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုခြင်းအတွက် CTZPay ဖုန်းပိုက်ဆံဖြင့် ငွေပေးချေနိုင်ပါသည်။ ငွေပေးချေနိုင်မည့် နေရာများတွင် CTZPay အမှတ်တံဆိပ်များကို သိသာထင်ရှားစွာ ပြသထားပါသည်။

မိုဘိုင်းဖုန်းမှတဆင့် CTZPay Wallet ငွေစာရင်းထဲသို့ ငွေပို့ခြင်းများကိုလည်း လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်နေရာတွင်မဆို ငွေပို့ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။
CTZPay Wallet ဝန်ဆောင်မှု သုံးစွဲသူအချင်းချင်း ငွေပို့နိုင်သလို၊ CTZPay Wallet ဝန်ဆောင်မှု သုံးစွဲရန် မှတ်ပုံမတင်ထားသူများလည်း CTZPay Wallet ကိုယ်စားလှယ်မှ တစ်ဆင့် ငွေပို့နိုင်ပါသည်။ ငွေလက်ခံရရှိသူမှ နီးစပ်ရာ CTZPay Wallet ကိုယ်စားလှယ်ထံတွင် ငွေသား ထုတ်ယူနိုင်ပါသည်။

သင်၏ CTZPay Wallet ငွေစာရင်း ရှိသော လက်ကိုင်ဖုန်း မှတစ်ဆင့် လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် ဖုန်းဘေလ် အင်တာနက်ဘေလ် ပေးဆောင်ခြင်း နှင့် တစ်ခြားသော ငွေပေးချေမှုများကို ၏ ပေးဆောင်နိုင်ပါသည်။ အမျိုးမျိုးသော အခွန်အခ ပေးဆောင်မှုများအား CTZPay Wallet ဖုန်းပိုက်ဆံ မှထပ်မံ၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

သွားလာရ လွယ်ကူသော သင်နှင့် နီးစပ်ရာ CTZPay Wallet ကိုယ်စားလှယ်ထံတွင် သင်၏ CTZPay Wallet ငွေစာရင်းသို့ ငွေသား ပေးသွင်းခြင်း နှင့် ငွေထုတ်ခြင်း လုပ်ငန်းစဉ်များကို အချိန်မရွေး ဆောင်ရွက်နိုင်ပါသည်။

What We can Do For You

ဝန်ဆောင်မှုများ

Cash in (Deposit)
Cash Out (Withdrawal)
Money Transfer
E-Top up (Phone Bill)
Electricity Bill
Bill Payment
Insurance Payment
Web Merchant Money Remittance (Online Shopping)