ငွေစု စျေးဝယ် အစီအစဥ်

မိမိကြိုက်နှစ်သက်ရာကုန်ပစ္စည်းအပြင် လူမှုအသုံးအဆောင်တွေကို ၆ လအထိ အတိုး လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ အရစ်ကျစနစ်နဲ့၀ယ်ယူနိုင်မယ့်အပြင် မိမိဝယ်ယူလိုက်တဲ့ ကုန်ပစ္စည်းရဲ့ တန်ဖိုးအပေါ်မှာ အတိုးနှုန်းကိုပါ ပြန်လည်ခံစားခွင့်ရမယ် အထူးအစီအစဥ်လေးတစ်ခုကို Myanmar Citizens Bank – MCB ဘဏ်မှ ယူဆောင်လာပါပြီရှင်။​

Myanmar Citizens Bank – MCB ဘဏ်နဲ့ Brilliant Boss Co., Ltd တို့မှ ပူပေါင်းစီစဥ်ထားတဲ့ အတိုးလုံးဝပေးစရာမလိုတဲ့အပြင် ၆ လအတိုးမဲ့အရစ်ကျဝယ်ယူနိုင်မယ့်အထူးအစီအစဥ်မှာတော့ Brilliant Boss ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက် ဆိုင်တွေမှာ မိမိကြိုက်နှစ်သက်ရာ လူမှုအသုံးအဆောင်ပစ္စည်းတွေကို အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။​

ဒီအစီအစဥ်မှာတော့ မိုဘိုင်းနဲ့လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအပြင် အိမ်ယာပရိဘောဂပစ္စည်းများ၊ မျက်မှန်နှင့် မျက်စိကုသမှုများနဲ့ ညောင်ဦးဖီးကျွန်းခရီးစဥ် အစရှိတဲ့ ဝန်ဆောင်မှုများကိုပါ အတိုးလုံးဝ (လုံးဝ) ပေးစရာမလိုဘဲ ၆ လ အရစ်ကျစနစ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို MCB ဘဏ်၏ “ငွေစု စျေးဝယ်” အစီအစဥ်နဲ့ ချိတ်ဆက်ဝယ်ယူပါက မိမိရဲ့ လက်ရှိငွေသားမပျောက်ပျက်တဲ့အပြင် စုဆောင်းငွေအကောင့်အမျိုးအစားအလိုက် အတိုးနှုန်းကို ခံစားရရှိနိုင်မယ့်အပြင် ကုန်ပစ္စည်းရဲ့တန်ဖိုးအပေါ် ၆ လ အတိုးမဲ့စနစ်ဖြင့် ငွေပေးသွင်းနိုင်မှာဖြစ်လို့ ဝန်မပိစေဘဲ မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို လွယ်ကူစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။​ အခုလို အတိုးလည်းရ၊ မိမိဝယ်​ယူလိုသည့် ကုန်ပစ္စည်းကိုလည်း ပိုင်ဆိုင်ရမယ့်အခွင့်အရေးကုိ ရယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ MCB ဘဏ်ခွဲများနဲ့ အောက်ပါမိတ်ဖက်ဆိုင်များမှာ အသေးစိတ် စုံစမ်းမေးမြန်းရင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။

စည်းကမ်းသတ်မှတ်ချက်များ

“ငွေစု စျေးဝယ်” အစီအစဥ်နဲ့ ချိတ်ဆက်ပြီး ၆ လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်ပါစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ရုံနဲ့ မိမိဝယ်ယူလိုတဲ့ အသုံးအဆောင်ကုန်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။​

  • MCB ဘဏ်တွင် ယခုအစီအစဥ်အတွက်သတ်မှတ်ထားသည့်ဘဏ်အကောင့် ဖွင့်လှစ်ပြီးဖြစ်ပါက မိမိ၏ ဘဏ်အကောင့်ထဲတွင် မိမိဝယ်ယူလိုသည့်ကုန်ပစ္စည်းအသုံးအဆောင်၏ တန်ဖိုးနှင့်ညီမျှသော ငွေပမာဏကို ၆ လ အနည်းဆုံး စုဆောင်းထားရမည်ဖြစ်သည်။​​
  • ​​MCB ဘဏ်တွင် ဘဏ်အကောင့်မရှိသေးပါက နီးစပ်ရာဘဏ်ခွဲတွင် ဘဏ်အကောင့် အလွယ်တကူဖွင့်လှစ်နိုင်မည်ဖြစ်ပြီး မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်း၏တန်ဖိုးနှင့် ညီမျှသော ငွေသားပမာဏကို မိမိဘဏ်အကောင့်ထဲသို့ထည့်သွင်းပြီး ၆ လ အနည်းဆုံး စုဆောင်းထားရမည်ဖြစ်သည်။​
  • မိမိရွေးချယ်ဖွင့်လှစ်လိုက်သော အကောင့်အမျိုးအစားပေါ်မူတည်ပြီး ဘဏ်မှသတ်မှတ်ထားသည့် အတိုးနှုန်းကို ခံစားခွင့်ရှိမည်ဖြစ်ပြီး ရရှိလာသည့် အတိုးနှုန်းများကို လူကြီးမင်းတို့၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။​
  • ဘဏ်အကောင့်ဖွင့်လှစ်ပြီး ငွေစုဆောင်းပြီးပါက မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကို ယခုအစီအစဥ်တွင် ပါဝင်ချိတ်ဆက်ထားသော မိတ်ဖက်ဆိုင်များတွင် စိတ်ကြိုက်ဝယ်ယူရွေးချယ်နိုင်မည်ဖြစ်သည်။​
  • မိမိဝယ်ယူထားသည့်ကုန်ပစ္စည်း၏တန်ဖိုးကို ၆ လ အတိုးမဲ့ (အတိုးမဲ့) အရစ်ကျစနစ်ဖြင့် လစဥ်လတိုင်း ဘဏ်အကောင့်ထဲသို့ပုံမှန်ထည့်သွင်းပေးသွားရမည်ဖြစ်သည်။​
  • လစဥ်ပုံမှန်ပေးချေရမည့်အကြိမ်အရေအတွက် ပျက်ကွက်ခဲ့ပါက လူကြီးမင်းစုဆောင်းထားသော ဘဏ်အကောင့်ထဲမှ လစဥ်ပေးသွင်းရမည့်ပမာဏကို ထုတ်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေသားပမာဏအပေါ်တွင်သာ အတိုးနှုန်းကို သတ်မှတ်ထည့်သွင်းပေးသွားမည်ဖြစ်သည်။​
  • မည်သည့်ကုန်ပစ္စည်းအသုံးအဆောင်မဆို အတိုးလုံးဝ (လုံးဝ) ပေးစရာမလိုဘဲ ၆ လ အရစ်ကျစနစ်ဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်သည်။​
  • မိမိလစဥ်ပေးသွင်းရမည့်ပမာဏကို ၆ လအတွင်း ပုံမှန်ပေးချေပြီးပါက လူကြီးမင်းဝယ်ယူလိုက်သည့် ကုန်ပစ္စည်းကို ပိုင်ဆိုင်ရမည့်အပြင် လူကြီးမင်း၏ စုဆောင်းငွေ + အတိုးနှုန်းကိုပါ ပြန်လည်ထုတ်ယူခံစားနိုင်မည်ဖြစ်သည်။​

၆ လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မည့် မိတ်ဖက်ဆိုင်များ

  • iQ Vision (မျက်မှန်နှင့်မျက်စိကုသမှုများ)
  • iSure (Time city Branch)
  • Samsung, Oppo, Xiaomi and Vivo (Smartphone)
  • Golden Power Technology (Laptop, Computer and Accessories)
  • Toshiba & Midea (Consumer Electronics)
  • TDS (Consumer Electronics)
  • Baths & Kitchen Showroom
  • Gree Aircon Myanmar
  • စိန်နှင့်မြ (မွေ့ယာနှင့်ပရိဘောဂ)
  • ရူဘီ (ကျွန်းပရိဘောဂ)
  • Victoria Cliff (ညောင်ဦးဖီးကျွန်းခရီးစဉ် Package)

ဝယ်ယူနိုင်မည့် မြို့များ

၆ လ အတိုးမဲ့ အရစ်ကျစနစ် “ငွေစု စျေးဝယ်” အစီအစဥ်ကို လက်ရှိအချိန်မှာတော့ ရန်ကုန်နဲ့ မန္တလေးအတွင်းရှိ မိတ်ဖက်ဆိုင်များတွင်သာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများရှိ မိတ်ဖက်ဆိုင်များနဲ့လည်း ထပ်မံချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ရှင်။