30 Dec 2025

ဝန်ထမ်းသစ်များအား Operational Risk ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ သင်တန်းပို့ချခြင်း။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် Operational Risk Team မှ Operational Risk နှင့် သက်ဆိုင်သော ရုံးတွင်းညွန်ကြားချက်များ၊ ဘဏ်လုပ်ငန်းလုပ်ဆောင်ရာတွင် သိရှိလိုက်နာလုပ်ဆောင် ရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များ၊ Operational Risk မှ ပုံမှန်တောင်းခံလျက်ရှိသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ သိကောင်းစရာများအား New Joiner များဖြစ်သော 2IC များ၊ Operation Incharge များ၊ Customer Service Associate များနှင့် Teller များကို မြန်မာနိုင်ငံသားများဘဏ် လီမိတက်ရုံးချုပ် (ဆူးလေ) ၌ သင်တန်းပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ‌ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Operational Risk Management အကြောင်းကို သိရှိနားလည်စေရန်၊
  • နေ့စဉ်ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် Operation Process များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်စေရန်၊
  • နေ့စဉ်ဘဏ်လုပ်ငန်းတွင် ပုံမှန်မဟုတ်သောဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့ရ မည့် Incident Report အကြောင်းနှင့် ပတ်သက်၍ လမ်းညွှန်မှုပေးနိုင်ရန်၊
  • ပုံမှန်စစ်ဆေးပေးပို့ရမည့် Checklist များနှင့် Report များ စသည်တို့ကို ပိုမိုနားလည် သဘောပေါက်စေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန်၊
  • ယခုသင်တန်းကို တက်ရောက်ခဲ့သော ဝန်ထမ်းများသည် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ဖော်ထုတ်နိုင်စေရန်နှင့် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။ Operational Risk နှင့် ပတ်သက်သည့် သင်တန်းများကို Operational Risk Team မှ ပုံမှန်ပို့ချလျက်ရှိပါသည်။

Related Updates