Home » Internal Compliance Training
Updates and Informations
Internal Compliance သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ကောင်းမွန်စွာသိရှိနားလည်စေရန်ဖြစ်ပါသည်။ ယခုသင်တန်းမှ တဆင့် ဝန်ထမ်းများအနေဖြင့် ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို သိရှိခြင်း၊ နေ့စဉ်ဘဏ်လုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပါသည်။
ယခုသင်တန်းတွင် ပါဝင်တက်ရောက်သူများမှာ Branch Manager များ၊ 2IC များ၊ Operation In charge များ၊ Relationship Manager များ၊ Customer Service Associate များ၊ Teller များနှင့် Management Trainee များဖြစ်ပါသည်။
သင်ကြားခဲ့သောအကြောင်းအရာများမှာ
ဘဏ်၏ Integrated Risk and Compliance ဌာနမှ Internal Compliance နှင့်ပတ်သက်သည့် သင်တန်းများအား ဝန်ထမ်းများသို့ လစဉ်ပုံမှန်ပို့ချလျက်ရှိပါသည်။