Home » Annual AML/CFT/CPF/ABC Awareness Training
Updates and Informations
မြန်မာနိုင်ငံသားများဘဏ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော AML/CFT/CPF/ABC အသိပညာမြှင့်တင်ရေး သင်တန်းကျင်းပ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော “ AML/CFT/CPF/ABC အသိပညာမြှင့်တင်ရေး သင်တန်း” အား ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းသည် မြန်မာနိုင်ငံသားများဘဏ်၏ နှစ်စဉ်ကျင်းပ ပြုလုပ်သည့် သင်တန်းတစ်ခုဖြစ်ပြီး BOD အဖွဲ့ဝင်များ နှင့် အဆင့်မြင့်စီမံခန့်ခွဲရေး အဖွဲ့ဝင်များအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ Anti-Money Laundering, Combating the Financing of Terrorism, Counter-proliferation Financing နှင့် Anti-Bribery and Corruption ဘာသာရပ်များ ကို သင်ကြားပြသဆွေးနွေးပေးခဲ့ကြပါသည်။
ယခုသင်တန်းမှတစ်ဆင့် မြန်မာနိုင်ငံသားများဘဏ်၏ BOD အဖွဲ့ဝင်များ နှင့် အဆင့်မြင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များအနေဖြင့် ဘဏ်လုပ်ငန်းလုပ်ဆောင်ရာတွင် သိသင့်သော AML/CFT/CPF/ABC နှင့်ပက်သက်သည့် အဖိုးတန် ဗဟုသုတများနှင့် အတွေ့အကြုံများ ရရှိခဲ့ကြပါသည်။
မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ကြီးကြပ်ရေးအာဏာပိုင်များမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာပြီး မိဘပြည်သူများ၏ ဘဏ္ဍာရေးလုံခြုမှုရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အတူ လက်တွဲ လုပ်ဆောင်လျက်ရှိနေကြောင်း ပြောကြားလိုပါသည်။