Home » Myanmar Citizens Bank နှင့် Temenos တို့၏ Core Banking System သဘောတူညီ လက်မှတ်ရေးထိုးခြင်း
Updates and Informations
“ မြန်မာနိုင်ငံသားများဘဏ်(MCB) နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု နည်းပညာများ တီထွင်ပံ့ပိုးပေးသည့် နည်းပညာကုမ္ပဏီ Temenos တို့က နိုင်ငံတကာအဆင့်မှီ Temenos Core Banking System(CBS) အား မြန်မာနိုင်ငံသားများဘဏ်တွင် အသုံးပြုရန်အတွက် သဘောတူလက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ(၂၆)ရက်နေ့က MCB ရုံးချုပ်တွင် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ပထမဆုံးဘဏ်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် \” ငွေရတု\” ကျင်းပဆင်နွှဲခဲ့သည့် MCB အတွက် ဤသဘောတူ လက်မှတ်ရေးထိုးပွဲက ခေတ်မီနည်းပညာပြောင်းလဲမှုများအဓိကထားပြုလုပ်မည့် ၂၀၁၈ ခုနှစ်၏ အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန် နှင့် ဈေးကွက်အတွင်း ပြည်တွင်းပြည်ပ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ခိုင်မာစိတ်ချရသည့် Core Banking စနစ်က အဓိကကျသည့် အခြေခံအုတ်မြစ် ဖြစ်သည့်အားလျော်စွာ ကမ္ဘာ့ထိပ်တန်း Core Banking စနစ်များအား စိစစ်ရွေးချယ်ခဲ့ပြီးမှ ဈေးကွက်တွင်ယုံကြည်မှု နှင့် ခိုင်မာမှုအား ကျယ်ကျယ်ပြန့်ပြန့်ရယူထားသည့် Temenos ၏ T24 နှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် ယခု သဘောတူ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ \” ဒီထူးခြားကောင်းမွန်တဲ့ Core Banking စနစ်က MCB ရဲ့ အရေးပါတဲ့ အဓိက ကစားကွက်ရွေ့ပြောင်းမှု တစ်ခုပါပဲ။ ဒီနည်းပညာပြောင်းလဲမှုက ရှေ့လျှောက် ခေတ်မီတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ပြည်တွင်းပြည်ပက ပြိုင်ဖက်တွေနဲ့ တန်းတူပေးနိုင်အောင် လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Temenos၊ Techmill တို့နဲ့ လက်တွဲပူးပေါင်းခွင့်ရတာကို အထူးပဲ ဂုဏ်ယူ ကျေနပ်ပါတယ်\” ဟု MCB ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်မှ ပြောကြားခဲ့သည်။ ယခု လက်တွဲပူးပေါင်းခြင်းသည် မြန်မာနိုင်ငံသားများဘဏ်အား ပြောင်းလဲတိုးတက်နေသည့် ဘဏ္ဍာရေးဝန်ဆောင်မှု ဈေးကွက်တွင် ထိုးဖေါက်နေရာယူလာနိင်ပြီး ပြည်သူများအား ပိုမိုကောင်းမွန်ခေတ်မီသည့် ဝန်ဆောင်မှုများအား ပေးလာနိုင်တော့မည်ဖြစ်သည်။ Core Banking စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက \” အချိန်မရွေး နေရာမရွေး\” ဝန်ဆောင်မှုပေးမည့် ဘဏ်တစ်ခုအဖြစ် နေရာယူလာနိုင်မည်ဖြစ်သည်။”