30 Dec 2025

Incident Reporting ဆိုင်ရာ သိကောင်းစရာအချက်များနှင့်ပတ်သက်၍ သင်တန်းပို့ချခြင်း

Incident Reporting ဆိုင်ရာ သိကောင်းစရာအချက်များနှင့်ပတ်သက်၍ သင်တန်းပို့ချခြင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် Integrated Risk and Compliance Department ၏ Operational Risk Team မှ သက်ဆိုင်ရာ Risk Manager က ရုံးချုပ်ရှိ ဌာနများနှင့် ဘဏ်ခွဲများကို Incident Reporting ဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ Online မှတဆင့် သင်တန်းပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ-

  • ဌာနများနှင့် ဘဏ်ခွဲများရှိ ဝန်ထမ်းများအားလုံးသည် နေ့စဉ်ဘဏ်လုပ်ငန်းတွင် ပုံမှန် မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်လာပါက Operational Risk Team သို့ Incident Reporting Guideline နှင့်အညီ အမြန်ဆုံးသတင်းပေးပို့နိုင်ရန်၊
  • Incident Report ပေးပို့ရမည့် Incident Reporting Channel များကို သိရှိနိုင်စေရန်၊
  • Incident ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရုံးချုပ်ဌာနများမှ အချိန်မီသိရှိစေရန်နှင့် လိုအပ်သည့် အကူအညီများ အချိန်မီပေးအပ်နိုင်စေရန်၊
  • အနာဂတ်တွင် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်နိုင်ရန်၊
  • ဖြစ်ပေါ်လာသော Incident များကို သတင်းပေးပို့ရန် ပျက်ကွက်ခြင်း/ရည်ရွယ်ချက်ဖြင့် ထိမ်ချန်ခြင်းများမရှိစေရန် ရည်ရွယ်ပါသည်။

    Incident Reporting နှင့် ပတ်သက်သည့် သင်တန်းများကို Operational Risk Team မှ ပုံမှန်ပို့ချလျက်ရှိပါသည်။

Related Updates