Home » Integrated Risk Management Training
Updates and Informations
မြန်မာနိုင်ငံသားများဘဏ်ရုံးချုပ် တွင် ၁၄-၁-၂၀၂၅ ရက်နေ့တွင် Credit Risk, Liquidity and Market Risk, IT Risk နှင့် Operational Risk နှင့် ပါတ်သတ်၍ သိရှိရမည့်အချက်များကို Integrated Risk ဌာနရှိ သက်ဆိုင်ရာ Risk Manager များမှ ဝန်ထမ်းအသစ်များ ဖြစ်သော Operation In charge များနှင့် Relationship Manager များအား သင်တန်းပို့ချခဲ့ပါသည်။
Integrated Risk ဌာန၏ သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
1) Credit Risk : ဘဏ်ခွဲဝန်ထမ်းများ မှ အကြီးတန်းစီမံခန့်ခွဲမှုအထိ ချေးငွေလုပ်ငန်းစဉ်တွင် ပါ၀င်သူတိုင်းသည် ချေးငွေအန္တရာယ်ကို ခွဲခြားသတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် လျော့ပါးသက်သာစေခြင်းဆိုင်ရာ သဘောတရားများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည်စေရန်၊
2) Liquidity & Market Risk : ငွေကြေးလွယ်ကူမှုဆိုင်ရာ နှင့် စျေးကွက်ဆိုင်ရာ ဆုံးရှူံးနိုင်ခြေအသိပညာနှင့် ထိရောက်သောဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၏ အရေးပါမှုကို သိရှိစေရန်၊
3) Operational Risk : နေ့စဉ်ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ၊ စစ်ဆေးရမည့် Checklist များ၊ နေ့စဉ်ဘဏ်လုပ်ငန်းတွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်လာပါက ပေးပို့ရမည့် incident report များ၏ အရေးပါပုံကို နားလည်သဘောပေါက်စေရန်၊
4) IT Risk : ဝန်ထမ်းများအနေဖြင့် ဆိုင်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာဆုံးရှုံးနိုင်ခြေများအား ပိုမိုနားလည်သဘောပေါက် သတိပြုဆောင်ရွက်နိုင်စေရန်၊
ဤသင်တန်းသည် ဌာန/ဘဏ်ခွဲများတွင် ခိုင်မာသော Risk Culture ကို တည်ဆောက်ရန် ၊ ဝန်ထမ်းများ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို မှန်ကန်စွာ သိရှိနိုင်စေရန်၊ ဖြစ်ပေါ်လာသည့်ဆုံးရှုံးနိုင်ခြေကို လျော့ချနိုင်ရန်နှင့် ဘဏ်၏ လုပ်ထုံးလုပ်နည်းများကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။ သင်တန်းကို တက်ရောက်ခဲ့သော ဝန်ထမ်းများသည် လုပ်ငန်းခွင်အတွင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် မိမိတို့ ဌာန/ဘဏ်ခွဲများတွင် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။