19 Aug 2019

ရွှေဘိုဘဏ်ခွဲအသစ် ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ (၃၇) ခုမြောက် ဘဏ်ခွဲဖြစ်သော ရွှေဘိုဘဏ်ခွဲ အား (၂၈-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းမှစ၍ ဘဏ်ခွဲဖွင့်လှစ်ပြီး၊ ဖွင့်လှစ်နေ့မှစပြီး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ရာရှင်များသို့ အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ် (၂) ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ ရေဘိုမြို့၊စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းရွှေဘိုဘဏ်ခွဲသည်စစ်ကိုင်းတိုင်းဒေသကြီးတွင်(၄) ခုမြောက်ဖွင့်လှစ်သည့်ဘဏ်ခွဲဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ ငွေကြေးဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်ရာတွင်လုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

Other News