30 Jul 2026

MCB Premier Banking ဝန်ဆောင်မှု စတင်မိတ်ဆက်ခြင်း သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

ဘဏ္ဍာရေးဝန်ဆောင်မှု၏ ထူးကဲသော အဆင့်အတန်းနှင့် ပြည့်စုံခမ်းနားသော လူနေမှုဘဝကို ပေါင်းစပ်ဖန်တီးထားသည့် “ MCB Premier Banking” ဝန်ဆောင်မှုအသစ် မိတ်ဆက်ခြင်း

ရန်ကုန်၊ လသာ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်

မြန်မာနိုင်ငံသားများဘဏ် – MCB ဘဏ်အကြောင်း ___ MCB ဘဏ်ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော အများနှင့်သက်ဆိုင်သည့် ဘဏ်ဖြစ်ရုံသာမက ၂၀၁၆ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း (YSX) ၌ ပထမဆုံး စာရင်းဝင်ခဲ့သည့် ခိုင်ခံ့သော သမိုင်းကြောင်းများနှင့်အတူ ယခုဆိုလျှင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်လာခဲ့သည်မှာ (၃၄) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

MCB ဘဏ်သည် သမားရိုးကျ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများထက် သာလွန်ကောင်းမွန်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်များကို အဓိကထား၍ အထူးဖန်တီးပေးထားသော “ Premier Banking” ဝန်ဆောင်မှုအသစ်ကို “ Beyond Banking, Exclusively Premier” အခမ်းအနားတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ဤဝန်ဆောင်မှုသည် လူကြီးမင်းတို့၏ ဘဏ္ဍာရေးပိုင်ဆိုင်မှုများကို လုံခြုံချောမွေ့စွာ စီမံခန့်ခွဲပေးမည့်အပြင် နေ့စဉ်ဘဝအတွက် အထူးသီးသန့်ဖန်တီးထားသော အဆင့်မြင့် လူနေမှုဘဝခံစားခွင့် (Lifestyle Privileges) များကိုပါ တစ်ပါတည်း ပေါင်းစပ်ပေးထားခြင်း ဖြစ်ပါသည်။

MCB Premier Banking ၏ အထူးဝန်ဆောင်မှုများ _ အသုံးပြုသူ လူကြီးမင်းတို့၏ ဘဏ္ဍာရေးရည်မှန်းချက်များနှင့် အကိုက်ညီဆုံးဖြစ်စေရန် အောက်ပါ အဆင့်မြင့်ဝန်ဆောင်မှုများကို စီစဉ်ပေးထားပါသည်။

  • Dedicated Relationship Manager: လူကြီးမင်းတို့၏ ဘဏ်လုပ်ငန်းလိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လိုအပ်သော ဝန်ဆောင်မှုများကို အနီးကပ် ချိတ်ဆက်ဆောင်ရွက်ပေးမည့် သီးသန့် Relationship Manager ထားရှိပေးခြင်း။
  • Priority Access & Digital Convenience: ကြန့်ကြာခြင်းကင်းသော ဘဏ်ဝန်ဆောင်မှုများ ရယူနိုင်ခြင်း၊ သီးသန့် Premier Lounge နှင့် Meeting Rooms များ အသုံးပြုနိုင်ခြင်း၊ ကြိုတင်ရက်ချိန်းရယူနိုင်ခြင်းနှင့် Priority Digital Banking အကူအညီများ ရယူနိုင်ခြင်း။
  • Business Owner Support: စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးအကောင့်များ၊ လစာပေးချေခြင်းစနစ်များ၊ Corporate Digital Banking၊ MMQR နှင့် CTZPay ကဲ့သို့သော ငွေပေးချေမှုစနစ်များအပြင် စီးပွားရေးကွန်ရက် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း။
  • Signature Essentials: Premier Banking အသုံးပြုသူ လူကြီးမင်းများအတွက် အထူးသီးသန့်ထုတ်လုပ်ထားသော Customized MPU Debit Card၊ သီးသန့်ရိုက်နှိပ်ထားသော ချက်လက်မှတ်နှင့် ဘဏ်စာအုပ်၊ VISA Credit Card များအပြင် Welcome Gift၊ မွေးနေ့လက်ဆောင်၊ အထူး High Tea Set နှင့် လေဆိပ်အကြိုအပို့ အထူးဝန်ဆောင်မှုများကိုပါ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

MCB ဘဏ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပွဲအခမ်းအနားနှင့် ပတ်သက်၍ — “Premier Banking” ကို ‘More Than Banking. A Relationship Designed Around You’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဘဏ်အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အဓိကထားပြီး ရေးဆွဲဖန်တီးထားတာ ဖြစ်ပါတယ်။ ကာစတန်မာတစ်ဦးချင်းစီရဲ့ ဘဏ်လုပ်ငန်း အတွေ့အကြုံကို ပိုမိုသီးသန့်ဆန်ဆန်နဲ့ အဆင်ပြေချောမွေ့စွာ ရယူနိုင်စေဖို့နဲ့ အထူးအခွင့်အရေးတွေ လုံလုံလောက်လောက် ရရှိစေဖို့ ရည်ရွယ်ပြီး ဒီဝန်ဆောင်မှုကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်တာပါ” ဟု ပြောကြားခဲ့ပါသည်။

ပိုမိုသိရှိလိုသော အချက်အလက်များအတွက်

ဖုန်း: 018242855

အီးမေးလ်: [email protected]

ဝက်ဘ်ဆိုက်: www.mcb.com.mm/premier-banking/

Related Updates