06 Apr 2026

New Joiners Training (January)

(၁၉.၁.၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် (ဆူးလေဘဏ်) တွင် Operational Risk Management နှင့် သက်ဆိုင်သော CEO Circular များ၊ လုပ်ငန်းလည်ပတ်ရာတွင် သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် Operational Risk မှ တောင်းခံသည့် Report များနှင့် ပတ်သက်၍ Risk Manager များမှ ဝန်ထမ်းအသစ်များဖြစ်သော Branch Manager ၊ Second In-Charge ၊ Customer Service Associate များနှင့် Teller များအား လူကိုယ်တိုင်သင်တန်းပို့ချခဲ့ပါသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ‌ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Operational Risk နှင့် Operational Risk Management အကြောင်းကိုသိရှိနားလည်စေရန်။
  • နေ့စဉ်ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် Operation Process များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာစေရန်။
  • နေ့စဉ်ဘဏ်လုပ်ငန်းခွင်အတွင်း ပုံမှန်မဟုတ်သောဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်မီသတင်း ပေးပို့ရမည့် Incident Report များ မပျက်မကွက်ပေးပို့ရန်။
  • ပုံမှန်စစ်ဆေးပေးပို့ရမည့် Checklist များနှင့် Report များကို တိကျမှန်ကန်စွာပေးပို့ရန်။

Related Updates