19 Aug 2019

ဇီးကုန်းဘဏ်ခွဲ ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတတ်၏ (၃၈) ခုမြောက်ဘဏ်ခွဲဖြစ်သော ဇီးကုန်း ဘဏ်ခွဲအား (၁၀-၁-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဘဏ်ခွဲဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်သည့်နေ့မှသပြီး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှိုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ်(၁၃၂) ၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းဘဏ်ခွဲသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅)ခုမြောက် ဖွင့်လှစ်သည့်ဘဏ်ခွဲ ဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ ငွကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လွဲပြောင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတတ်မှုကို တစ်ဖက်တစ်လမ်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

Related News