06 Apr 2026

New Joiners Training (February)

(၂၆.၂.၂၀၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဆူးလေ(ရုံးချုပ်)၌ Operational Risk Team မှ Nature of Risk ၊ Operational Risk ဆိုင်ရာ CEO-Circular များ၊ Incident Reporting ၏ အရေးပါပုံ၊ လုပ်ငန်းလည်ပတ်မှုနှင့် သက်ဆိုင်သော ဆောင်ရန်ရှောင်ရန်များအား New Joiner များ ဖြစ်ကြသည့် Customer Service Associate (CSA) များနှင့် Teller များအား In-Person သင်တန်းပို့ချခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Operational Risk ၏ သဘောသဘာဝ နှင့် Governance structure ကို သိရှိနားလည်စေရန်၊
  • Operational Risk နှင့် သက်ဆိုင်သော CEO’s Circular များကို ကောင်းစွာ လိုက်နာဆောင်ရွက် ရန်၊
  • ဘဏ်ခွဲများတွင် နေ့စဉ်ဘဏ်လုပ်ငန်းခွင်အတွင်း ပုံမှန်မဟုတ်သောဖြစ်စဉ်များ ဖြစ်ပေါ်လာပါက Incident Report အား အချိန်မီသတင်းပေးပို့ရမည်ကို သိရှိလိုက်နာဆောင်ရွက်ရန်၊
  • Operation တွင်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများအား တိကျသေချာစွာ လိုက်နာ ဆောင်ရွက်တတ်စေရန်၊
  • ဘဏ်ခွဲရှိ ဝန်ထမ်းများအနေဖြင့် vault သော့များကို ကိုင်တွယ်ထိန်းသိမ်းသူများ၏ တာဝန်များနှင့် လွှဲပြောင်းခြင်းများ ပြုလုပ်ရာတွင် စနစ်တကျလုပ်ဆောင်တတ်စေရန်၊
  • ဝန်ထမ်းများသည် လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူနေထိုင်ကြစေရန်၊

Related Updates