14 Jun 2019

မြန်မာနိုင်ငံသားများဘဏ်နှင့် Samsung Myanmar တို့ မိုဘိုင်းဖုန်းအရစ်ကျစနစ်နှင့် ရောင်းချရေး သဘောတူစာချုပ်ချုပ်ဆို

Samsungနှင့် မြန်မာနိုင်ငံသားများဘဏ်တို့ လက်တွဲလျှက် Samsung မိုဘိုင်းဖုန်းများကို ပြည်သူများအားလုံး ပိုမိုလွယ်ကူစွာနှင့် တွင်ကျယ်စွာ အသုံးပြုနိုင်ရန်အတွက် အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချနိုင်ရန် နားလည်မှုစာချုပ်ကို မတ်လ ၆ရက် ၂၀၁၈ခုနှစ်တွင် ချုပ်ဆိုခဲ့ပါသည်။မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး (၂၅)နှစ်ကျော်တိုင် ပြည်သူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးလျှက်ရှိပြီး ရန်ကုန်စတော့အိတ်ချိန်း YSX တွင် ပထမဆုံးစာရင်းရေးသွင်းသည့် Listed Bank တစ်ခုလည်းဖြစ်သည်။

Samsung နှင့် လက်တွဲ၍ မြန်မာနိုင်ငံအတွင်း mobile phoneများအား ပြည်သူများပိုမိုလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည့် အစီအစဉ်အပြင် ယခုကဲ့သို့ ဈေးကွတ်အတွင်း အမှန်တကယ် လိုအပ်လျှက်ရှိသည့် Customer Electronicsများအား ထပ်မံ၍ အရစ်ကျဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျှက် ရှိပါသည်။မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ပိုမိုတိုးတက်ြပောင်းလဲစေရန်နှင့်ဈေးကွတ်အတွင်းပိုမိုနေရာယူနိုင်ရန် လက်ရှိပြုပြင်ပြောင်းလဲမှုခရီးစဉ်တွင် ယခုကဲ့သို့ Strategic Partnerများဖြင့် လက်တွဲ၍ Retail Market အပြင် မြန်မာ့စီးပွားရေးတိုးတက်ခိုင်မာရန် အြေခခံကျသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ပိုမို တွင်ကျယ်လာစေရန်အတွက်လည်း ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ Retail Lending တွင် စိန်ခေါ်မှုများစွာရှိနေသော်လည်း MCBအနေဖြင့် Samsung နှင့်ပူးပေါင်း၍ နည်းပညာနှင့် ဘဏ်လုပ်ငန်းအတွေ့အကြုံပေါင်းစပ်ပြီး ဘဏ်လုပ်ငန်းစဉ်များအား ယခုအရစ်ကျချေးငွေနှင့် အသင့်တော်ဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

မကြာမီအချိန်တွင် Samsung နှင့် ပူးပေါင်း၍ Samsungဖုန်းအမျိုးမျိုးအား အသက်သာဆုံးနှင့်အကောင်းဆုံးအရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အစီအစဉ်အား ရန်ကုန်၊မန္တလေး နှင့် အခြားမြို့ကြီးများရှိ Samsung Official Reseller/Retailer ဆိုင်များတွင် ဝယ်ယူရရှိနိုင်အောင် မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ကောင်းမွန်သည့် မိတ်ဖက်အဖွဲ့အစည်းများ၊Customerများနှင့် တည်တံ့ခိုင်မာသည့် ရင်းနှီးမှုထူထောင်ခြင်းသည် မြန်မာ့ဘဏ်လုပ်ငန်းဈေးကွတ်တွင် အောင်မြင်ရန် အဓိကကျသည့် အချက်တစ်ခုဟု ခံယူချက်ထားပြီး ဘဏ်လုပ်ငန်းများအား ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။

Related News