Home » ဟင်္သာတဘဏ်ခွဲဖွင့်လှစ်ခြင်းအခမ်းအနား
Updates and Informations
ရန်ကုန်၊ ဒီဇင်ဘာ ၂၆။ ။မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘဏ်တစ်ခုဖြစ်သော Myanmar Citizens Bank – MCB သည် ၄င်းတို့၏ ၄၇ ခုမြောက် ဘဏ်ခွဲတစ်ခုအဖြစ် ဟင်္သာတဘဏ်ခွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို စတင်မိတ်ဆက်ပေးအပ်ခဲ့ပါသည်။
MCB ဟင်္သာတဘဏ်ခွဲဖွင့်ပွဲကို ဟင်္သာတမြို့နယ်၊ နတ်မော်လမ်း၊ ဥယျာဥ်မြောက်ရပ်ကွက်တွင် ကျင်းပခဲ့ပြီး အဆိုပါဘဏ်ခွဲဖွင့်ပွဲသို့ MCB ဘဏ်၏ CEO ဖြစ်သူ Mr. Bhesh Raj Khatiwada တက်ရောက်ခဲ့ပြီး ဟင်္သာတမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်ဘဏ်ခွဲ၊ မြောင်းမြဘဏ်ခွဲများပြီးနောက် MCB ဘဏ်၏ တတိယမြောက်ဘဏ်ခွဲတစ်ခုဖြစ်လာသည့် ဟင်္သာတဘဏ်ခွဲသည် ဟင်္သာတမြို့နယ်၏ အချက်အချာကျသည့်နေရာတွင် တည်ရှိသောကြောင့် အဆိုပါဒေသမှ မိတ်ဟောင်းမိတ်သစ် customer များအတွက် ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံးနှင့် အလုံခြုံဆုံး ပံ့ပိုးပေးနိုင်မည်ဖြစ်သလို လုံခြုံပြီး စိတ်ချရသော ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝှမ်းသို့ လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း MCB ဘဏ် ၏ CEO ဖြစ်သူမှ ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းဖြစ်တဲ့ Growth Strategy ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဝန်ဆောင်မှုပေးအပ်နိုင်ဖို့ ဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ်ခြင်းဟာ ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းပမာဏကို တိုးတက်လာစေရုံသာမက ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးမပြုသေးတဲ့ အများပြည်သူများကိုပါ ငွေရေးကြေးရေးဝန်ဆောင်မှုများ သုံးစွဲလာစေရန်အတွက် အရေးကြီးဆုံး Growth Drivers ထဲမှ တစ်ခုဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank – MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပါယ်တွင် နှစ်ပေါင်း (၃၀) ကြာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး သုံးစွဲသူများ၏ ယုံကြည်မှုကို အခိုင်အမာရရှိထားသည့် သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်း ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံကြွယ်ဝလှသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။