19 Aug 2019

ဗိုလ်အောင်ကျော်ဘဏ်ခွဲ ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတတ်၏ (၄၀) ခုမြောက်ဘဏ်ခွဲဖြစ်သော ဗိုလ်အောင်ကျော် ဘဏ်ခွဲအား (၁၉-၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဘဏ်ခွဲဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်သည့်နေ့မှသပြီး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှိုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ်(၂၈၅) ၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းဘဏ်ခွဲသည် ရန်ကုန်တိုင်းဒေသကြီးတွင် (၁၀)ခုမြောက် ဖွင့်လှစ်သည့်ဘဏ်ခွဲ ဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ ငွကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လွဲပြောင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတတ်မှုကို တစ်ဖက်တစ်လမ်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

Related News