19 Aug 2019

မှုဆယ်ဘဏ်ခွဲ ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတတ်၏ (၂၉) ခုမြောက်ဘဏ်ခွဲဖြစ်သော မူဆယ်ဘဏ်ခွဲအား (၂၉-၈-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဘဏ်ခွဲဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်သည့်နေ့မှသပြီး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှိုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ်(ကမတ-၂၅)၊ပြည်ထောင်စုလမ်းမကြီး၊ကောင်းမှုတုံရပ်ကွက်၊ မူဆယ်မြို့၊ ရှမ်းပြည်နယ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းမူဆယ် ဘဏ်ခွဲ(၂)သည်(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း ကဉ္စမအကြိမ်မြောက် ဖွင့်လှစ်သော ဘဏ်ခွဲဖြစ်ပြီး မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် မူဆယ်ဒေသတွင် ဒုတိယမြောက်ဖွင့်လှစ်သည့်ဘဏ်ခွဲဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် မူဆယ်မြို့ပေါ်နေပြည်သူများ ငွေကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လွဲပြောင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပြီး ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတတ်မှုကို တစ်ဖက်တစ်လမ်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

Related News