01 Nov 2022

ကမာကြည်ဘဏ်ခွဲ ဖွင့်လှစ်ခြင်း

ရန်ကုန် (နိုဝင်ဘာလ ၁ ရက်) - Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ ၄၈ ခုမြောက်ဘဏ်ခွဲအဖြစ် ကမာကြည်ဘဏ်ခွဲကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သုံးစွဲသူမိဘပြည်သူများကို ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။​

မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ ၄၈ ခုမြောက် ဘဏ်ခွဲတစ်ခုဖြစ်သည့် ကမာကြည်ဘဏ်ခွဲဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊​ သင်္ဃန်းကျွန်းမြို့နယ်၊​ သံသုမာလမ်းနှင့် ကမာကြည်လမ်းထောင့်ရှိ MCB ကမာကြည်ဘဏ်ခွဲတွင် ကျင်းပခဲ့ပြီး အဆိုပါဘဏ်ဖွင့်ပွဲကို MCB ဘဏ်၏ CEO ဖြစ်သူ Mr. Govinda Gurung နှင့်အတူ MCB ဘဏ်မှ သက်ဆိုင်ရာ တာဝန်ရှိလူကြီးများနှင့် စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

MCB ကမာကြည်ဘဏ်ခွဲသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ခွဲပေါင်း ၁၆ ခုဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် MCB ဘဏ်၏ ၁၇ ခုမြောက် ဘဏ်ခွဲတစ်ခုဖြစ်လာခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်ခဲ့သော MCB ဘဏ်၏ ဘဏ်ခွဲတစ်ခုလည်း ဖြစ်လာခဲ့သည်။​ သင်္ဃန်းကျွန်းမြို့နယ်၏ အချက်အချာကျသော နေရာတစ်ခုဖြစ်သည့် သံသုမာလမ်းနှင့် ကမာကြည်လမ်းဆုံဖွင့်လှစ်ခဲ့သည့် MCB ကမာကြည်ဘဏ်ခွဲသည် MCB ဘဏ်၏ ကွန်ယက်တိုးချဲ့ခြင်းဖြစ်ရုံသာမက ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို အသုံးမပြုရသေးသည့် အများပြည်သူများကိုပါ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရန် ရည်ရွယ်ကြောင်းကို MCB ဘဏ်၏ CEO ဖြစ်သူ Mr. Govinda Gurung မှ “ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းဖြစ်တဲ့ Growth Strategy ရဲ့ တစိတ်တပိုင်းအနေနဲ့ ဝန်ဆောင်မှုပေးအပ်နိုင်မယ့် ဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ်ခြင်းဖြင့် ဘဏ်၏စီးပွားရေး လုပ်ငန်းပမာဏကို တိုးတက်လာစေရုံသာမက ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးမပြုသေးသော အများပြည်သူများကိုပါ ငွေရေးကြေးရေးဝန်ဆောင်မှုများကို သုံးစွဲလာစေရန်အတွက် အရေးကြီးဆုံးသော Growth Drivers ထဲမှ တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Retail၊ SME၊ Commercial၊ Corporate client တွေအနေနဲ့ MCB ရဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ရယူရင်းဒီဘဏ်ခွဲသစ်မှာ  ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၄၈ ဘဏ်၊​ ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁၀၀၀ ခန့်ဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်းဆုံးပေးလျက်ရှိသော MCB ဘဏ်သည် ၂၀၂၂ ခုနှစ်အတွင်း ပြင်ဦးလွင်ဘဏ်ခွဲ၊​ ကမာကြည်ဘဏ်ခွဲတို့ကို ဖွင့်လှစ်ထားပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘဏ်တစ်ခုဖြစ်ပါသည်။​

Related News