နိုင်ငံရပ်ခြားသို့ ပညာတော်သင်သွားမည့်သူများ၊ ဆေးကုသမှုသွားရောက်ခံယူမည့်သူများနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့်သူများအနေနဲ့ MCB ရဲ့ဘဏ်ခွဲများဖြစ်တဲ့ ကျောက်တံတားဘဏ်ခွဲ၊ ဆူးလေဘဏ်ခွဲ နဲ့ မြဝတီဘဏ်ခွဲများရဲ့ Money Changer ကောင်တာများမှာ နိုင်ငံခြားငွေကြေးများကို ဝယ်ယူနိုင်ပါပြီရှင်။ နိုင်ငံခြားငွေသားများကိုဝယ်ယူရန်လိုအပ်သည့်အချက်အလက်များနှင့်တကွ MCB ဘဏ်ခွဲများမှ ငွေလဲလှယ်ရေးကောင်တာများတွင် နေ့စဉ် Bank Customer Dealing (WAR) Weighted Average Rate ဖြင့် နိုင်ငံခြားငွေများ ဝယ်ယူနိုင်ပါပြီ။
လိုအပ်သည့်အထောက်အထားများကတော့ -
– ပြည်ပတွင် အလုပ်လုပ်ရန် ထွက်ခွာသူများအနေဖြင့် Passport for Job (PJ)၊ အလုပ်ခန့်စာနှင့် Oversea Worker Identification Card (OWIC)
– ဆေးကုသမှုခံယူရန် ထွက်ခွာသူများအနေဖြင့် ဆေးကုသမှုဆိုင်ရာ အထောက်အထားများ
-ပညာသင်ကြားရန်ထွက်ခွာသူများအနေဖြင့် Passport for Education(PE) နှင့် တက်ရောက်မည့်ကျောင်း နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းတို့ လိုအပ်ပါသည်။
ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲကောင်တာနှင့် လိပ်စာများကတော့ -
– ကျောက်တံတားဘဏ်ခွဲ : အမှတ် (၃၈၃)၊ ၃၇ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
– ဆူးလေဘဏ်ခွဲ : အမှတ် (၂၅၆/၂၆၀)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
– မြဝတီဘဏ်ခွဲ : အမှတ် (၁၀၆)၊ (၄) ရပ်ကွက်၊ ရွှေမြင်းဝန်ဘုရားကြီး အရှေ့ဘက်မုခ်ဘေး၊ ဓါတုကလျာလမ်းထောင့်၊ ဘုရင့်နောင်လမ်းမကြီး၊ မြဝတီမြို့၊ ကရင်ပြည်နယ်။