09 Mar 2023

ညောင်လေးပင်ဘဏ်ခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနား 

ရက်စွဲ။ ။ ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက် 

ညောင်လေးပင်ဘဏ်ခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနား   

ရန်ကုန်၊ မတ်လ (၉) ရက်။  ။ Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ ၅၀ ခုမြောက်ဘဏ်ခွဲတစ်ခုအဖြစ် ညောင်လေးပင်ဘဏ်ခွဲကို မတ်လ ၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။  

MCB ညောင်လေးပင်ဘဏ်ခွဲဖွင့်ပွဲသို့ နယ်ပယ်အသီးသီးမှ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ၊ ညောင်လေးပင်မြို့နှင့် အနီးတစ်ဝိုက်မှ မိတ်ဟောင်းမိတ်သစ် customers များနှင့် MCB ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။​ ညောင်လေးပင်ဘဏ်ခွဲသည် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးဘဏ်ခွဲ၊ ပြည်ဘဏ်ခွဲပြီးနောက် MCB ဘဏ်၏ တတိယမြောက် ဘဏ်ခွဲတစ်ခုဖြစ်လာခဲ့သည်။​  

စိုက်ပျိုးရေးနှင့် စီးပွားရေးကုန်သွယ်မှုအတွက် အဓိကကျသည့် ပဲခူးတိုင်းဒေသကြီး၏ အချက်အချာကျသောမြို့တစ်မြို့ဖြစ်သည့် ညောင်လေးပင်မြို့ကို ရွေးချယ်၍ ဤတိုင်းဒေသကြီးအတွင်း MCB ဘဏ်၏ ၃ ခုမြောက်ဘဏ်ခွဲတစ်ခုအဖြစ်ရွေးချယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ခေတ်မီ ဘဏ္ဍာရေးနည်းပညာကဏ္ဍများနှင့်တကွ လျင်မြန်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို ဒေသခံများအတွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခုဘဏ်ခွဲကိုဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။ 

MCB ဘဏ်၏ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ၅၀ ခုမြောက်ဘဏ်ခွဲကို ညောင်လေးပင်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် အများနှင့်မတူ တမူထူးခြားသော ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို MCB ညောင်လေးပင်ဘဏ်ခွဲတွင်  ရယူနိုင်မည်ဖြစ်ကြောင်းကိုMCB ဘဏ်၏ Acting CEO ဖြစ်သူ Mr. BHESH RAJ KHATIWADA မှ   

 “MCB ဘဏ်ရဲ့ ညောင်လေးပင် ဘဏ်ခွဲကို မတ်လ (၉) ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်မြင့်နဲ့လည်ပတ်နိုင်ခြင်းကို အင်မတန်ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဘဏ်ခွဲဟာ MCB ဘဏ်ရဲ့ (၅၀) ခုမြောက်ဘဏ်ခွဲဖြစ်တာကြောင့် အမှတ်တရတစ်ခုဖြစ်စေပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ၃ ခုမြောက်ဖွင့်လှစ်ခဲ့သော ဘဏ်ခွဲတစ်ခုဖြစ်သည်။ ယခုဘဏ်ခွဲတွင် ငွေသားအပ်နှံခြင်း၊ တစ်ဦးချင်းချေးငွေဝန်ဆောင်မှုများ၊ စီးပွားရေးချေးငွေဝန်ဆောင်မှုများနှင့် မော်တော်ကားချေးငွေဝန်ဆောင်မှုများ အပါအဝင် ကုန်သွယ်မှုအတွက် ဝန်ဆောင်မှုများ၊ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ၊ mobile banking နှင့် internet banking ဝန်ဆောင်မှုများ  စသည့် အမျိုးမျိုးသော ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို သုံးစွဲသူများအတွက် အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။   

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank - MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပါယ်တွင် နှစ်ပေါင်း (၃၀) ကြာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး သုံးစွဲသူမိဘပြည်သူများ၏ ယုံကြည်မှုကို အခိုင်အမာရရှိထားသည့် သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်း ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံကြွယ်ဝလှသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၅၀ ဘဏ်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။   

အခြားသောသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။  

အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်  

- ၀၁ ၈၃၈၆၀၂၂   

[email protected] (စျေးကွက်နှင့်ဆက်သွယ်ရေးဌာန)  

Related News