Home » မြဝတီဘဏ်ခွဲဖွင့်လှစ်ခြင်း
Updates and Informations
မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB Bank) ၏ (၄၅)ခုမြောက် ဘဏ်ခွဲဖြစ်သော ဘဏ်ခွဲအား အမှတ် (၁၀၆) ၊ (၄) ရပ်ကွက်၊ရွှေမြင်းဝန်ဘုရားကြီးအရှေ့ဘက်မုဒ်ဘေး၊ဓါတုကလျာလမ်းထောင့်၊ဘုရင့်နောင်လမ်းမကြီး၊မြဝတီမြို့၊ကရင်ပြည်နယ်တွင် ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ (၂၃)ရက်နေ့ မှ စ၍ ဖွင့်လှစ်ထားရှိပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ဖော်ရွေစွာဖြင့် စိတ်ချလုံခြုံမှုရှိစေသော အစီအစဉ်များဖြင့် နွေးထွေးပျူငှာစွာဖြင့် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်းကို တန်ဖိုးထားရသော MCB ၏ Customers များထံသို့ အသိပေး ကြေညာအပ်ပါသည်။ ဘဏ်ခွဲသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ အတွက် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရမှုရှိစေခြင်း အချိန်နှင့် တစ်ပြေးညီ ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်စေပါသည်။