နှစ်သစ်ကို ဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့သည့် Myanmar Citizens Bank – MCB
ရန်ကုန်၊ ဇန်နဝါရီလ ၅။ ။Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ ၄၈ ခုမြောက်ဘဏ်ခွဲအဖြစ် ကမ္ဘာအေးဘဏ်ခွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရှိရပါသည်။
ကမ္ဘာအေးဘဏ်ခွဲဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကုက္ကိုင်းမီးပွိုင့်အနီး ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကျင်းပခဲ့ပြီး အဆိုပါဘဏ်ဖွင့်ပွဲသို့ MCB ဘဏ်၏ အလုပ်အမှုဆောင်အဖွဲ့ မှ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ MCB ဘဏ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း MCB ဘဏ်၏ ၁၈ ခုမြောက်ဘဏ်ခွဲတစ်ခုဖြစ်လာခဲ့သည့် ကမ္ဘာအေးဘဏ်ခွဲသည် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတစ်ခုဖြစ်သည့် ဗဟန်းမြို့နယ် ကမ္ဘာအေးလမ်းပေါ်တွင်တည်ရှိပြီး ကျယ်ဝန်းသည့် ကားပါကင်နှင့်အတူ ပိုမိုကောင်းမွန်သည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း MCB ဘဏ်၏ Acting CEO ဖြစ်သူ Mr. BHESH RAJ KHATIWADA မှ -
"MCB ဘဏ်ရဲ့ သုံးစွဲသူမိဘပြည်သူများအတွက် ပရီမီယမ်ဆန်တဲ့ Business Banking ဝန်ဆောင်မှုတွေပေးနိုင်ဖို့ရည်ရွယ်ပြီး ကမ္ဘာအေးဘဏ်ခွဲကို ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာအေးဘဏ်ခွဲဟာ လူဦးရေလည်း အရမ်းမထူထပ်သလို ဆိတ်ငြိမ်ပြီး ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ နေရာတစ်ခုမှာမှာ တည်ရှိတဲ့အပြင် ကျယ်ဝန်းတဲ့ကားပါကင်လည်းရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူ customer များအတွက် အထူးကောင်းမွန်လုံခြုံတဲ့ ဘဏ်ဝန်ဆောင်မှုတွေကို အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် MCB ဘဏ် ရုံးချုပ်မှ Non-Credit Business Department, Consumer Banking Department နဲ့ Corporate Credit Department စတဲ့ ဌာန ၃ ခုဟာလည်း ကမ္ဘာအေးဘဏ်ခွဲမှာ တည်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူ customers များကို ပိုမိုကောင်းမွန်မြန်ဆန်ပြီး ပရီမီယမ်ဆန်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေကို ကမ္ဘာအေးဘဏ်ခွဲသစ်ကြီးမှာ လာရောက်ရယူဖို့အတွက် မိတ်ဟောင်းမိတ်သစ်များအားလုံးကို ဖိတ်ခေါ်လိုပါတယ်။" ဟု ပြောကြားခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank - MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပါယ်တွင် နှစ်ပေါင်း (၃၀) ကြာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး သုံးစွဲသူမိဘပြည်သူများ၏ ယုံကြည်မှုကို အခိုင်အမာရရှိထားသည့် သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်း ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံကြွယ်ဝလှသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၄၈ ဘဏ်၊ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်
- ၀၁ ၈၃၈၆၀၂၂
[email protected] (စျေးကွက်နှင့်ဆက်သွယ်ရေးဌာန)