မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ Compliance Team (Head Office) သည် (၁၇.၁.၂၀၂၅) ရက်နေ့တွင် ဘဏ်၏ ဝန်ထမ်းအသစ်များဖြစ်သည့် Branch Manager , Second In Charge , Operation In charge , Relationship Manager , Customer Service Associate , Teller အစရှိသော နယ်ပယ်အသီးသီးမှ ဝန်ထမ်းများအား “ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး နှင့် လူအများအပြား သေကျေစေသောလက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” (Anti- Money Laundering , Combating Financing of Terrorism and Countering the Financing of Proliferation) ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို အသိပညာမြှင့်တင်ရေးအစီအစဉ်တစ်ရပ် အနေဖြင့် သင်တန်းပို့ချပေးခဲ့ပါသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
1. မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ငွေကြေးခဝါချမှု ဥပဒေများနှင့် စည်းမျဥ်းများ အပေါ် ဘဏ်ဝန်ထမ်းများ၏ သိရှိလိုက်နာမှုကို တိုးမြှင့်နိုင်စေရန်။
2. ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဉပဒေတွင် ချမှတ်ထားသောအချက်များအား ဝန်ထမ်းများသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်။
3. ဘဏ်မှ လက်ရှိအသုံးပြုနေသော AML system အား ကောင်းမွန်စွာနားလည်သဘောပေါက်ပြီး လက်တွေ့အသုံးပြုတတ်စေရန်။
4. STR Red Flag များအား ကောင်းစွာသိရှိနားလည်ပြီး အရည်အသွေးရှိ STR များအား စံသတ်မှတ်ချက်များနှင့် အညီဖော်ထုတ်နိုင်စေရန်။
ဤသင်တန်းကို Compliance ဌာန မှ ပို့ချပေးခဲ့ခြင်းကြောင့် ဝန်ထမ်းအသစ်များသည် မိမိတာဝန်ကျရာ ဘဏ်ခွဲများသို့ ရောက်ရှိပြီး Banking Operation process များ ဆောင်ရွက်သည့်အခါ သိရှိလိုက်နာဆောင်ရွက်ရမည့် AML/CFT/CFP နှင့် သက်ဆိုင်သော ဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများ အား ကောင်းမွန်စွာ သိရှိ လိုက်နာအကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Compliance ဌာန အနေဖြင့် မြန်မာနိုင်ငံသားများဘဏ်၏ ဝန်ထမ်းများ အားလုံး AML/CFT/WMD ဆိုင်ရာအကြောင်းအရာများကို သေချာစွာနားလည်မှုရှိစေရန်နှင့် လက်တွေ့ကျင့်သုံးနိုင်စေရန်အတွက် သင်တန်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။