Home » Promotions » Any Bank, Zero Fees
MCB ဘဏ်၏ mBanking နှင့် Personal iBanking အသုံးပြုသူများအတွက် အခြားဘဏ်များသို့ ငွေလွှဲပြောင်းရာတွင် ဝန်ဆောင်ခ ကင်းလွတ်ခွင့်ပြုမည့် “Any Bank, Zero Fees” Campaign ကြီးကို မိတ်ဆက်လိုက်ပါသည်။
ဤအစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အထိ သာ အကျုံးဝင်ပါသည်။
ကမ်ပိန်းကာလအတွင်း အခြားဘဏ်များသို့ တစ်ကြိမ်လျှင် ငွေပမာဏ ၅ သိန်းကျပ်နှင့်အောက် လွှဲပြောင်းမှုများအားလုံးအတွက် ငွေလွှဲဝန်ဆောင်ခ “အခမဲ့” ဖြင့် လွှဲပြောင်းနိုင်မည် ဖြစ်ပါသည်။
ကမ်ပိန်းကာလအတွင်း ငွေလွှဲပြောင်းမှု အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိဘဲ (၅) သိန်းကျပ်နှင့်အောက် ငွေလွှဲမှုတိုင်း ငွေလွှဲဝန်ဆောင်ခ “အခမဲ့” ခံစားခွင့်ရရှိပါမည်။
ဘဏ်ခွဲများမှတစ်ဆင့် လူကိုယ်တိုင် လာရောက်ငွေလွှဲပြောင်းခြင်းများအတွက် ဤအစီအစဉ်တွင် အကျုံးမဝင်ပါ။
တစ်ကြိမ်လျှင် ငွေပမာဏ (၅) သိန်းကျပ်ထက် ကျော်လွန်သော ငွေလွှဲပြောင်းမှုများအတွက် ဘဏ်မှ သတ်မှတ်ထားသော ပုံမှန်ငွေလွှဲခ ဝန်ဆောင်ခနှုန်းထားများအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားများဘဏ် – MCB ၏ ဝန်ထမ်းများ ဤကမ်ပိန်းအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
မြန်မာနိုင်ငံသားများဘဏ် – MCB သည် ဤကမ်ပိန်းနှင့်ပတ်သက်သော စည်းကမ်းချက်များကို အချိန်မရွေး ပြုပြင်ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းတို့ကို ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ဘဏ်၏ မူဝါဒအတိုင်း လုပ်ဆောင်ပိုင်ခွင့်ရှိသည်။
ဤအစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာနိုင်ငံသားများဘဏ် – MCB ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။