“MCB Mobile Banking ကို Self-registration လုပ်လို့ E-Money ဆုကြီးများ ကံထူးလိုက်ကြစို့”

MCB ရဲ့ mBanking / iBanking သုံးစွဲသူ အသစ်များအတွက် အထူး Lucky Draw ကမ်ပိန်းကြီး လာပါပြီ!

ဆုလက်ဆောင် ရယူနိုင်မည့် နည်းလမ်း

ကမ်ပိန်းကာလအတွင်း mBanking/iBanking အကောင့်အသစ်ကို ကိုယ်တိုင်မှတ်ပုံတင်ပြီး ဖွင့်လှစ်အသုံးပြုသူတိုင်း E-Money ဆုကြီးများ ကံထူးခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဆုလက်ဆောင်များ

  • ၃ သိန်းကျပ် – (၁) ဆု
  • ၁ သိန်းကျပ် – (၂) ဆု
  • ၅ သောင်းကျပ် – (၃) ဆု
  • ၃ သောင်းကျပ် – (၅) ဆု
  • ၁ သောင်းကျပ် – (၁၀) ဆုအထိ

ကမ်ပိန်းကာလ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက် မှ အောက်တိုဘာလ (၁၇) ရက်နေ့အထိ။

ပါဝင်နိုင်မည့်သူများ

MCB mBanking / iBanking အသုံးပြုသူ အသစ်များ (Self-Registration ဖြင့် ကိုယ်တိုင် မှတ်ပုံတင်သူများအားလုံး ပါဝင်ခွင့်ရှိပါသည်။)

စည်းကမ်းချက်များ

  • Campaign ကာလကျော်ပြီးသည့်နောက်မှ mBanking Register လုပ်သူများ ပါဝင်မည်မဟုတ်ပါ။
  • ကံထူးသွားသည့် E-Money ဆုငွေများကို ကံထူးရှင်၏ MCB အကောင့်ထဲသို့ ဆုကြေညာသည့်ရက်မှစ ရုံးဖွင့်ရက် (၇) ရက်အတွင်း တိုက်ရိုက် ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
  • ကမ်ပိန်း၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ကာလများကို MCB ဘက်မှ အချိန်မရွေးပြုပြင်ပြောင်းလဲခွင့် ရှိပါသည်။
  • MCB ၏ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  • အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။