Home » မြန်မာနိုင်ငံသားများဘဏ် – MCB ဘဏ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting) ကို အောင်မြင်စွာ ကျင်းပပြုလုပ်
Updates and Informations
ရန်ကုန် – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်
မြန်မာနိုင်ငံသားများဘဏ် – MCB ဘဏ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခြင်းတို့ ပေါင်းစပ်ထားသည့် ပုံစံဖြင့် ပြုလုပ်ခဲ့ပြီး အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ရှယ်ယာရှင်များနှင့် MCB ဘဏ်၏ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
Yangon Stock Exchange (YSX) စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် MCB ဘဏ်အနေဖြင့် ယင်းအစည်းအဝေးတွင် အောက်ပါ အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြခြင်း
ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတိုးအောင်မြင့်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြခဲ့ပါသည်။
လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
ဘဏ်၏ လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အမြတ်ဝေစု ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခဲ့ပါသည်။
ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်း
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။
MCB ဘဏ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ ကြွရောက်ချီးမြှင့်ပေးကြပါသော အထူးဧည့်သည်တော်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ပေးကြသည့် ရှယ်ယာရှင်များအားလုံးကို MCB ဘဏ်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်းလည်း မှတ်တမ်းတင်အပ်ပါသည်။
