Home » Announcement for MCB Customers
Updates and Informations
MCB ဘဏ်အသုံးပြုသူများအား အသိပေးအကြောင်းကြားခြင်း
MCB ဘဏ်အနေဖြင့် Customer များ Digital ဘဏ်ဝန်ဆောင်မှုများ အသုံးပြုရာတွင် အခက်အခဲမရှိ လည်ပတ် အသုံးပြုနိုင်စေရန်အတွက် အကောင်းဆုံးကြိုးစားကာ ဝန်ဆောင်မှုပေးအပ်လျက်ရှိနေပါတယ်။
ဒါကြောင့် အချိန်/နေရာမရွေး ဖုန်းတစ်လုံးထဲကနေ ရယူနိုင်မယ့် mBanking ဝန်ဆောင်မှုများကို CTZPay Application ထဲကနေ ရယူနိုင်သလို ဘဏ်ဖွင့်ရက်များမှာလည်း (၅၈) ခုသော ဘဏ်ခွဲများမှာ စိတ်ကြိုက်ဘဏ်ဝန်ဆောင်မှုများ ရယူနိုင်ပါပြီ။ ဒါ့အပြင် (၇၂) ခုသော ATMs စက်များမှာလည်း လိုအပ်ချိန်တိုင်း ငွေသားထုတ်ယူနိုင်နေတာဖြစ်ကြောင်း လေးစားတန်ဖိုးထားရပါသော မိတ်ဟောင်းမိတ်သစ်များအား အသိပေးလိုက်ရပါတယ်နော်။
ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး မသင်္ကာဖွယ်၊ သံသယဖြစ်ဖွယ်နဲ့ ယုံမှားဖွယ်ရာတွေ ရှိလာပါက MCB Call Center 09- 940051234 ကို (၂၄) နာရီလုံး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်မှာလည်း ဖြစ်ပါတယ်ရှင်။