23 Jun 2024

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ်၊ဇွန်လ၂၃ရက်

မြန်မာနိုင်ငံသားများဘဏ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော AML/CFT/WMD ဆိုင်ရာ  အသိပညာမြှင့်တင်ရေးသင်တန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်း၍ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ်နှင့် Citizens Pay ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ Executive Management Committee အဖွဲ့ဝင်များနှင့် Compliance Officers များအား မြန်မာနိုင်ငံသားများဘဏ် (ရုံးချုပ်) ရှိ အစည်းအဝေးခန်းမ၌ ပို့ချခဲ့ပါသည်။

သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက် (၃) ခုမှာ -

(၁) ဘဏ်နှင့် Citizens Pay ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ Executive Management Committee အဖွဲ့ဝင်များနှင့် Compliance Officer များအနေဖြင့် AML/CFT နှင့် ပတ်သက်သော အသိပညာများ တိုးတက်လာစေရန်နှင့် အသစ်ပြောင်းလဲလာသော သတင်းအချက်အလက်များကို ပိုမိုသိရှိစေရန်။

(၂) ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ၊ Executive Management Committee အဖွဲ့ဝင်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်ဖြစ်သည့် နှစ်စဉ် AML/CFT/WMD ဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းများပို့ချပေးရန်ဆိုသော အချက်ကို လိုက်နာရန်။

(၃) မြန်မာနိုင်ငံသားများဘဏ်အတွင်း ပိုမိုကောင်းမွန်သော လိုက်နာဆောင်ရွက်မှု အလေ့အထကောင်းများ ပေါ်ပေါက်လာပြီး ရေရှည်ထိန်းသိမ်းနိုင်စေရန်တို့ဖြစ်ကြပါသည်။ အဆိုပါသင်တန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်ကြေးမုံ၊ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးကြီးမြင့်စိုးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်တို့မှ AML/CFT/WMD နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သူများအား မြန်မာနိုင်ငံသားများဘဏ်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Related News