Second Branch In-charge/ Assistant Manager
Job Summary
ဒုတိယဘဏ်ခွဲတာဝန်ခံသည် (Customer) များနှင့် ကောင်းမွန်သောဆက်ဆံရေးကို စီမံခန့်ခွဲခြင်း၊ ဘဏ်ဝန်ဆောင်မှုဖြစ်သော စုငွေ၊ ချေးငွေ၊ ခရက်ဒစ်ကတ်၊ အာမခံနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကဲ့သို့သော ဘဏ်ထုတ်ကုန်များကို မြှင့်တင်ပေးခြင်းတို့ကို တာဝန်ယူရသည်။ ဤအခန်းကဏ္ဍတွင် ဖောက်သည်များအား ချေးငွေလျှောက်ထားမှုလုပ်ငန်းစဉ်များကို လမ်းညွှန်ပေးခြင်း၊ လိုအပ်သောစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ဖောက်သည်မှတ်တမ်းများကို တိကျစွာ ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ ဒုတိယဘဏ်ခွဲတာဝန်ခံသည် ဖောက်သည်များ၏ စာရင်းများကို စီမံခန့်ခွဲခြင်း၊ ငွေပေးငွေယူလုပ်ငန်းစဉ်များကို ကြီးကြပ်ခြင်း၊ စာရွက်စာတမ်းများကို ထိန်းသိမ်းခြင်းနှင့် နေ့စဉ်ဘဏ္ဍာရေးအစီရင်ခံစာများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရသည်။ ထို့အပြင် ဖောက်သည်များ၏ လိုအပ်ချက်များနှင့် မေးမြန်းမှုများကို ဖြေရှင်းပေးခြင်း၊ စံနှုန်းနှင့်ကိုက်ညီမှုမရှိသောချေးငွေများကို စီစစ်စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး လိုအပ်ပါက ဘဏ်မန်နေဂျာ (Branch Manager) သို့မဟုတ် လုပ်ငန်းတာဝန်ခံ (Operation In-change)၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ဘဏ်ခွဲလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်စေရန် ဆောင်ရွက်ရမည်။
Job Description
- Customer များနှင့် ခိုင်မာသောဆက်ဆံရေးများ တည်ဆောက်ရန် နှင့် ထိန်းသိမ်းရန် ပုံမှန်သွားရောက် လည်ပတ်ခြင်းနှင့် ဆက်သွယ်မှုများပြုလုပ်ပြီး လိုအပ်သော ဘဏ်ဝန်ဆောင်မှုများကိုပေးခြင်း။
- စုငွေ၊ ချေးငွေ၊ ခရက်ဒစ်ကတ်၊ အာမခံနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများ (မိုဘိုင်းနှင့် အင်တာနက်ဘဏ်လုပ်ငန်း) အပါအဝင် ဘဏ်ထုတ်ကုန်များကိုမြှင့်တင်ခြင်း နှင့် ဖြန့်ချိရောင်းချခြင်း။
- ဖောက်သည်များ၏ ချေးငွေလျှောက်ထားမှု လုပ်ငန်းစဉ်များကို လမ်းညွှန်ပေးခြင်း၊ ဘဏ္ဍာရေးအကဲဖြတ်ခြင်းများ ပြုလုပ်ခြင်းနှင့် သင့်လျော်သော ဘဏ်ထုတ်ကုန်များကို အကြံပြုခြင်း။
- KYC, AML နှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ၊ လိုအပ်ချက်များ ကိုလိုက်နာပြီး ဖောက်သည်မှတ်တမ်းများကို တိကျစွာ ထိန်းသိမ်းခြင်း။
- ဖောက်သည်များ၏ စာရင်းအချက်အလက်များကို လေ့လာခြင်း၊ Customer များနှင့်ရေရည် တည်မြဲစေရန်ထိန်းသိမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ဖြန့်ချိရောင်းချခြင်းဆိုင်ရာ အခွင့်အလမ်းများကို အထူးဂရုစိုက် လုပ်ဆောင်ရန်။
- ငွေပေးငွေယူလုပ်ငန်းစဉ်များကို တိကျမှန်ကန်စွာ ကြီးကြပ်ခြင်း၊ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်းနှင့် နေ့စဉ်ဘဏ္ဍာရေးအစီရင်ခံစာများ ပြင်ဆင်ခြင်း။
- ငွေပေးငွေယူနှင့် ဒီဂျစ်တယ်ဘဏ်ထုတ်ကုန်များကို ဖောက်သည်များ ပိုမိုအသုံးပြုနိုင်ရန် အားပေးလုပ်ဆောင်ခြင်း။
- ဖောက်သည်များ၏ မေးမြန်းမှုများနှင့် တိုင်ကြားချက်များကို အချိန်မီ ဖြေရှင်းပေးခြင်းဖြင့် ဖောက်သည်များ၏ စိတ်ကျေနပ်မှုကို ရရှိအောင်ဆောင်ရွက်ခြင်း။
- ဝန်ထမ်းများ အလုပ်တာဝန် လွှဲပြောင်းချိန်တွင် လုပ်ငန်းလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စီစစ်ဆောင်ရွက်ပြီး ချေးငွေအာမခံစာရွက်စာတမ်းများနှင့် Customer ဖိုင်များကို လုံခြုံစွာသိမ်းဆည်းခြင်း။
- စံနှုန်းနှင့်ကိုက်ညီမှုမရှိသော ချေးငွေများ (NPLs) ကို စီမံခန့်ခွဲခြင်း၊ ငွေပေးချေမှု နှောင့်နှေးခြင်းများကို လိုက်လံဆောင်ရွက်ခြင်း နှင့် လိုအပ်ပါက ငွေကောက်ခံမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ဘဏ်ခွဲမန်နေဂျာ (Branch Manager) သို့မဟုတ် လုပ်ငန်းတာဝန်ခံ (Operation In-charge) မရှိချိန်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှု ချောမွေ့အောင် ဆောင်ရွက်ခြင်း။
- လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာဌာနမှူးမှပေးအပ်သောအခြားတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ရမည်။
Job Requirements
- ဘဏ္ဍာရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဆက်စပ်နယ်ပယ်တစ်ခုခုတွင် ဘွဲ့ရရှိထားသူ။
- ဘဏ်လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အနည်းဆုံး ၃ နှစ်အတွေ့အကြုံရှိသူ။
- ဘဏ်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များကို နားလည်သူ။
- ခိုင်မာသော ခေါင်းဆောင်မှုစွမ်းရည်နှင့် လူမှုဆက်ဆံရေးစွမ်းရည်များ ရှိသူ။
- ဘဏ်ဆော့ဖ်ဝဲ၊ ဘဏ္ဍာရေးစနစ်များနှင့် Microsoft Office Suite တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
- ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းများ ကောင်းမွန်သူ။
- စည်းကမ်းလိုက်နာမှုနှင့် စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာလိုစိတ်ရှိသူ။
Benefits
- စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်
- Annual Bonus
- Management Potential
- Promotion Opportunities
Apply Now
SEND US A MESSAGE
Apply Now