Home » Governance » Corporate Governance
ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ဆိုသည်မှာ ဘဏ်တစ်ခုအား လမ်းညွှန်ထိန်းချုပ်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ အလေ့အထများနှင့် လုပ်ငန်းစဉ်များဆိုင်ရာ စနစ်တစ်ခုဖြစ်ပါသည်။ ၎င်းတွင် ဘဏ်တစ်ခု၏ စီမံခန့်ခွဲသူများ၊ ဒါရိုက်တာများအဖွဲ့၊ အစုရှယ်ယာရှင်များနှင့် အခြားသော Stakeholder များနှင့်ဆက်ဆံရေးကို လွှမ်းခြုံဖော်ပြထားသည်။ အောင်မြင်ထိရောက်မှုရှိသော ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်သည် ဘဏ်တစ်ခုအား ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲနိုင်ပြီး Stakeholder များအားလုံး၏ အကျိုးစီးပွားကို အကောင်းဆုံးတိုးတက် စေနိုင်ပါသည်။ ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု၊ အဖွဲ့အစည်း၏ ခိုင်မာမှုနှင့် ရေရှည်အောင်မြင်မှု တို့ကို ထိန်းသိမ်းထားရန်လည်း အရေးကြီးပါသည်။
ကျွန်ုပ်တို့ MCB ဘဏ်အနေဖြင့် ခိုင်မာသော ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ဆိုင်ရာ အခြေခံမူဝါဒများကို အလေးအနက်ထား၍ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဒါရိုက်တာများအဖွဲ့၊ Executive Management နှင့် ဝန်ထမ်းများသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အနေအထိုင်အပြုအမူ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့အား စံချိန်စံနှုန်းအပြည့်ဖြင့် တိကျခိုင်မာစွာ လိုက်နာဆောင်ရွက်ကြပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်မှုများအား အစုရှယ်ယာရှင်များ၊ Customer များနှင့် ကြီးကြပ်ကွပ်ကဲ သည့် အဖွဲ့အစည်းများအပါအဝင် ကျွန်ုပ်တို့ Stakeholder များက အကျိုးအမြတ်အများဆုံးရရှိစေရန် ပြင်ဆင်ရေးဆွဲထားပြီး ကျွန်ုပ်တို့၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်မူဘောင်တွင် အဆိုပါဆုံးဖြတ်ချက်ကို ထည့်သွင်းဖော်ပြထားပါသည်။
ကျွန်ုပ်တို့၏ဒါရိုက်တာများအဖွဲ့တွင် မဟာဗျူဟာလမ်းညွှန်ချက်ကို ပံ့ပိုးပေး၍ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ကို ကြီးကြပ်ကွပ်ကဲနိုင်သည့် ဘက်စုံကျွမ်းကျင်ထူးချွန်သော အဖွဲ့တစ်ခုကို ပါဝင်ဖွဲ့စည်းထားပြီး တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာဆောင်ရွက်ပါသည်။ အမှုဆောင် အရာရှိချုပ် (CEO) အပါအဝင် အကြီးတန်းစီမံခန့်ခွဲသူများကို ခန့်အပ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ ကျွန်ုပ်တို့အဖွဲ့အစည်း၏ တာဝန်များနှင့် မျှော်မှန်းချက်များကို အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုရာတွင် ၎င်းတို့သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
MCB ၏ ခိုင်မာသော ကော်ပိုရိတ်အုပ်ချုပ်မှုအလေ့အထများသည် ဘဏ်အား စဉ်ဆက်မပြတ် တိုးတက်မှုနှင့် အောင်မြင်မှုရရှိရန်အတွက် တိုက်ရိုက်အထောက်အကူဖြစ်စေပါသည်။ ၎င်းတို့သည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း၊ ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို ကာကွယ်ခြင်းနှင့် အရင်းအမြစ်များကို ဆင်ခြင်တုံတရားပြည့်ဝစွာ စီမံခန့်ခွဲခြင်းတို့အတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏အုပ်ချုပ်မှုမူဘောင်သည် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုနှင့် သစ္စာရှိမှု တို့ကို မြှင့်တင်ပေးခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုလည်း တိုးမြင့်စေပါ သည်။
ထို့အပြင်၊ ယင်းမူဘောင်သည် ကျွန်ုပ်တို့အား ပြောင်းလဲနေသော စျေးကွက်အခြေအနေများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေရှိစွာ လုပ်ဆောင်နိုင်စေပါသည်။ MCB ဘဏ်သည် အမြင့်ဆုံးသော စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အစုရှယ်ယာရှင် များ၏ ယုံကြည်မှုကိုရရှိရုံသာမက ကျွန်ုပ်တို့၏ Customer များအတွက် ယုံကြည်စိတ်ချရသော ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုလည်းဖြစ်လာစေပါသည်။ ဤနှစ်ပတ်လည်အစီရင်ခံစာ တွင် ရေးသားဖော်ပြထားသည့်အတိုင်း ခိုင်မာသောကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ဖြစ်လာစေမည့် MCB ဘဏ်၏ ကတိကဝတ်များသည် အမြဲတစေ ပြောင်းလဲနေသော ဘဏ္ဍာရေးအခင်းအကျင်းတွင် ရှင်သန်တိုးတက်လာစေရန်နှင့် ကျွန်ုပ်တို့ Stakeholder များ၏ ပိုင်ဆိုင်မှုတိုးပွားလာစေရန် ကျွန်ုပ်တို့၏စွမ်းဆောင်ရည်နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် တွန်းအားတစ်ခုဖြစ်ပါသည်။