Spot MCB, Snap & Win!

MCB ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုပြီး မိုးတွင်းအတွက် မရှိမဖြစ် “ ထီး” လက်ဆောင်တွေ ရယူလိုက်ပါ!

ဆုလက်ဆောင်ကံထူးဖို့ ဘာတွေလုပ်ရမှာလဲ?

၁။ ဓာတ်ပုံရိုက်ပါ
MCB ဘဏ်ဝန်ဆောင်မှုကို အသုံးပြုနေကြောင်း သိသာစေမယ့် ပုံတစ်ပုံ ရိုက်ပါ။
(ဥပမာ – MCB ဘဏ်ခွဲများ၊ ငွေစုစာအုပ်၊ ATM/CRM စက် (သို့မဟုတ်) MCB mBanking အသုံးပြုနေတဲ့ပုံ)

၂။ ပို့စ်တင်ပါ
အဆိုပါပုံကို
#MCBBank
#စိတ်ချမြဲတည်MCB
#MCBEverywhere ဆိုတဲ့ Hashtag တွေနဲ့အတူ မိမိအကောင့်မှာ Public နဲ့ ပို့စ်တင်ပေးပါ။

၃။ တင်ထားတဲ့ ပို့စ်ကို Screenshot ရိုက်ပြီး ကမ်ပိန်းပို့စ်ရဲ့ Comment မှာ လာရောက်ပြသပေးပါ။

ဘယ်လိုရွေးချယ်မှာလဲ?

စည်းကမ်းချက်နဲ့ ကိုက်ညီသူများထဲမှ အယောက် (၃၀) ကို Lucky Draw စနစ်ဖြင့် ကမ်ပိန်းကာလ အပြီးတွင် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

ကံထူးနိုင်မည့် ဆုလက်ဆောင်များ

MCB တံဆိပ်ပါ ထီး

Campaign ကာလ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှ ဇူလိုင်လ (၁၅) ရက်အထိ။

ဘယ်သူတွေ ပါဝင်နိုင်မလဲ?

MCB ဘဏ်အသုံးပြုသူများအားလုံး ပါဝင်နိုင်ပါသည်။

စည်းကမ်းချက်များ

  • Campaign ကာလကျော်ပြီးသည့်နောက်မှ ရရှိသော Comment များနှင့် စည်းကမ်းချက်နဲ့ မကိုက်ညီသော Comment များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

  • သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ဘဏ်ဝန်ထမ်းများ၊ ATM ခလုတ်နှိပ်နေသည့်နေရာ၊ လျှို့ဝှက်နံပါတ် (PIN) များနှင့် မိမိ၏ ငွေကြေးဆိုင်ရာ/ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဓာတ်ပုံထဲတွင် မပါဝင်စေရန် အထူးဂရုပြု ရှောင်ကြဉ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  • ရွေးချယ်ခံရတဲ့ ကံထူးရှင်တွေကို MCB ဘဏ်ရဲ့ Official Facebook Page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

  • MCB ဘဏ်၏ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။

  • အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက MCB ဘဏ်ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။