“များများလွှဲ များများဆုငွေရ” Campaign

MCB ဘဏ်ရဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု အသုံးပြုသူ မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ငွေသားဆုလက်ဆောင်များ ပြန်လည် ပေးအပ်သွားမယ့် “များများလွှဲ များများ ဆုငွေရ” အစီအစဉ်။

မည်သည့်နိုင်ငံကမဆို MCB ဘဏ်အကောင့်ထဲသို့ MoneyGram, Ria, Merchantrade, Myanmar Remit နဲ့ Queen Bee ဝန်ဆောင်မှုများကို အသုံးပြုလို့ တိုက်ရိုက်ငွေလွှဲပြုလုပ်ပြီးသူတိုင်း (သို့မဟုတ်) MCB ဘဏ်ခွဲများမှာ သတ်မှတ်ငွေလွှဲပမာဏကို လာရောက်ထုတ်ယူသူတိုင်း “များများလွှဲ များများ ဆုငွေရ” အစီအစဉ်မှာပါဝင်နိုင်ပြီး ငွေသားဆုတွေကံထူးနိုင်မှာဖြစ်ပါတယ်နော်။

Who can participate?

နိုင်ငံခြားငွေလွှဲပမာဏ (၅) သိန်းကျပ်နှင့် (၅) သိန်းကျပ်အထက်ကို MCB ဘဏ်ရဲ့နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတွေဖြစ်တဲ့ MoneyGram, Ria, Merchantrade, Myanmar Remit နဲ့ Queen Bee အစရှိတဲ့ ဝန်ဆောင်မှုများကိုအသုံးပြုပြီး တိုက်ရိုက်ငွေလွှဲပြုလုပ်ပြီးသူတိုင်း (သို့မဟုတ်) MCB ဘဏ်ခွဲများမှာ သတ်မှတ်ငွေလွှဲပမာဏကို လာရောက်ထုတ်ယူသူတိုင်း ကျပ် (၅) သောင်းဆုမှစလို့ ကျပ် (၂) သိန်းဆုအထိကံထူးနိုင်မှာဖြစ်ပါတယ်နော်။

Campaign Prizes

“များများလွှဲ များများ ဆုငွေရ” အစီအစဉ်ရဲ့ငွေသားဆုကြီးများအနေဖြင့် 

🥇ပထမဆု – ကျပ် (၂) သိန်းဆု (၅) ဆု

🥈ဒုတိယဆု – ကျပ် (၁) သိန်းဆု (၅) ဆု

🥉တတိယဆု – ကျပ် (၅) သောင်းဆု (၆) ဆု ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Campaign Period

အောက်တိုဘာလ (၇) ရက်နေ့ မှ ဒီဇင်ဘာလ (၆) ရက်နေ့ အထိ

စည်းကမ်းသတ်မှတ်ချက်များ

  • အထက်ပါ ပါဝင်ကံစမ်းနိုင်မည့်သူ၏ အချက်အလက်များနှင့် ကိုက်ညီသူတိုင်း ငွေသားဆုမဲများအတွက် ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
  • ငွေလွှဲပမာဏ ၅သိန်းနှင့် ၅သိန်းအထက် transaction ဖြစ်ရပါမည်။
  • MCB ဘဏ်ခွဲများတွင် ငွေသားထုတ်ယူခြင်း၊ MCB bank account ထဲသို့ ငွေလွှဲသူများ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်ပါသည်။ 
  • ကံထူးရှင်အမည်စာရင်းကို MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ 
  •  ကံထူးရှင်များ၏ ငွေသားဆုမဲများကို ကံထူးရှင်များ၏ MCB Savings အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။
  • ယခုအစီအစဉ်တွင် MCB ၏ ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
  • အကယ်၍အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။