“Shopping with MCB-JCB” Campaign

MCB ဘဏ်၏ MPU-JCB Debit ကတ်အသုံးပြုသူများအတွက် ကျေးဇူးတုံ့ပြန်ခြင်းလက်ဆောင်အနေဖြင့် MPU-JCB Debit ကတ်အသုံးပြုလို့   CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများတွင် ငွေပေးချေမှုများအတွက် 10% Cashback Promotion (Up to 10,000 MMK) အထိ Cashback များ ပေးအပ်သွားမည့် အစီအစဉ်ကောင်းတစ်ရပ်ကို မိတ်ဆက်ပေးလိုက်ရပါတယ်။

ပါဝင်ကံစမ်းနိုင်မည့်သူများ

MCB ဘဏ်၏ MPU-JCB Debit ကတ် (Classic/Platinum/YOUth/Student) မည်သည့်ကတ် အမျိုးအစားမဆို အသုံးပြု၍ CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများတွင် ငွေပေးချေလို့ ဝယ်ယူသူများအားလုံး။

ကမ်ပိန်း၏ အကျိုးခံစားခွင့်များ

“Shopping With MCB-JCB”  Campaignအစီအစဉ်ရဲ့ အကျိုးခံစားခွင့်အနေဖြင့်

🛍 CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများတွင် MCB ရဲ့ MPU-JCB Debit ကတ်သုံးလို့ ဈေးဝယ်ယူမှုတိုင်းအတွက်

🎁10% Cashback Promotion (Up to 10,000 MMK) အထိ ခံစားခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ကမ်ပိန်းကာလ

၂၀၂၅ ခုနှစ်၊ မေလ၊ (၁၅) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ (၃၀) ရက်နေ့ အထိ။ 

စည်းကမ်းသတ်မှတ်ချက်များ

  • အထက်ပါ ပါဝင်ကံစမ်းနိုင်မည့်သူ၏ အချက်အလက်များနှင့် ကိုက်ညီသူတိုင်း ကမ်ပိန်း၏အကျိုးခံစားခွင့်များကို ပါဝင်ကံစမ်းခွင့် ရရှိမည်ဖြစ်ပါသည်။
  • ပါဝင်လိုသူများအနေဖြင့် CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများတွင် MCB ၏ MPU-JCB Debit ကတ်သုံးလို့ ဈေးဝယ်ယူမှု ပြုလုပ်ရပါမည်။
  • ကမ်ပိန်း၏မိတ်ဖက် CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများတွင် MPU-JCB Debit ကတ်သုံးလို့ ဈေးဝယ်ယူမှုပြုလုပ်တိုင်း ပြန်အမ်းငွေများကို ဝယ်ယူသူငွေပေးချေခဲ့သော MCB ဘဏ်အကောင့်ထဲသို့ (၁) ပတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
  • အကယ်၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၊ CAPITAL hypermarket နှင့် CAPITAL express ဆိုင်ခွဲများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။