“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

မြန်မာနိုင်ငံမှ ပြည်ပသို့ / ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ငွေလွှဲလိုသော ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီး မြင့်မားသောငွေလွှဲနှုန်းထားများနှင့် အပိုထပ်ဆောင်းခံစားခွင့်များပေးအပ်လျက်ရှိပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများဘဏ်သည် နိုင်ငံပေါင်း ၂၀၀ကျော်မှ ငွေလွှဲနိုင်သော MoneyGram၊ Ria၊ Merchantrade၊ QueenBee၊ DollarSmart၊ Thunes နှင့် Myanmar Remit @ City Express Money Transfer အစရှိသော နိုင်ငံခြားငွေလွှဲလုပ်ငန်းများနှင့်ချိတ်ဆက်ကာ နိုင်ငံတကာမှ မြန်မာအလုပ်သမားများအတွက် ငွေလွှဲလုပ်ငန်း ဝန်ဆောင်မူများ worldwide ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ငွေသားထုတ်ယူခြင်း၊ ဘဏ်အကောင့်ထဲသို့ငွေလွှဲခြင်း နှင့် CitizensPay Wallet ထဲသို့ငွေလွှဲခြင်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံသားများဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို ဝန်ဆောင်မှုရယူနိုင်ပါသည်။
ဘဏ်ခွဲလိပ်စာများကိုကြည့်ရှုရန် MCB
ဆက်သွယ်ရန် – 01 2399663

နေရာဒေသမရွေး လွယ်ကူချောမွေ့စွာ ငွေလွှဲနိုင်ဖို့ မြန်မာနိုင်ငံသားများဘဏ်၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုလိုက်ပါ။ ထူးခြားကောင်းမွန်သော ငွေလဲနှုန်းထား + အပိုထပ်ဆောင်းပေးငွေများကို မြန်မာနိုင်ငံသားများဘဏ်မှရယူလိုက်ပါ။

ပြည်ပမှမြန်မာနိုင်ငံသို့ဝင်သော ငွေလွှဲများထုတ်ယူရန်အတွက်

  • ပေးပို့သူ အမည်
  • ပေးပို့သည့် နိုင်ငံ
  • PIN code / MTCN
  • ငွေလက်ခံမည့်သူ၏ မှတ်ပုံတင် / Passport

မြန်မာနိုင်ငံမှ ပြည်ပသို့ လွှဲပို့မည့်ငွေလွှဲများအတွက်

  • ငွေလက်ခံသူ အမည်
  • ငွေလက်ခံသူ၏ ဖုန်းနံပါတ်
  • ငွေလက်ခံမည့် နိုင်ငံ
  • ငွေလွှဲသူ၏ မှတ်ပုံတင် / Passport
  • ငွေလွှဲမည့်အကြောင်းအရာနှင့်ပတ်သက်သည့် စာရွက်စာတမ်းအထောက်အထားများ

MCB ဘဏ်မှ နိုင်ငံခြားငွေလွှဲများအတွက် ပေးအပ်တဲ့ အထူးအခွင့်အရေးများ

  • အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ခြင်း
  • သက်သာသော ငွေလွှဲဝန်ဆောင်ခ
  • CitizensPay Wallet နှင့် MCB ဘဏ်အကောင့်များထဲသို့ အချိန်နှင့်တပြေးညီ ငွေလွှဲနိုင်ခြင်း

အမေးများသောမေးခွန်းများ

Outbound Remittance, by allowing maximum of USD 3000 per person.