“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

28 Nov 2023

MCB တောင်ငူဘဏ်ခွဲသစ် ဖွင့်လှစ်ခြင်းအခမ်းအနား

ရန်ကုန်၊ စက်တင်ဘာလ (၁၈)ရက်။ ။ မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘဏ်တစ်ခုဖြစ်သည့် Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ (၅၃) ခုမြောက်ဘဏ်ခွဲတစ်ခုအဖြစ် MCB တောင်ငူဘဏ်ခွဲကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် စက်တင်ဘာလ (၁၈) ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများ စတင်ပေးအပ်လျက်ရှိကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း MCB ဘဏ်၏ စတုတ္ထမြောက်ဘဏ်ခွဲတစ်ခုအဖြစ် မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့သည့် MCB တောင်ငူဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့်တကွ နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ မိတ်ဟောင်းမိတ်သစ် customers များ၊ MCB ဘဏ်၏ အစုရှယ်ယာရှင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်များဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်၊ ငရုတ်၊ ကောက်ပဲသီးနှံမျိုးစုံ အစရှိသည့် ကောက်ပဲသီးနှံများနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသအတွင်းမှ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များနှင့်တကွ ဒေသခံပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကို ခေတ်မီသောဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအပြင် တိကျလုံခြုံပြီး ခိုင်မာမှုရှိသည့်ဘဏ္ဍာရေးနည်းပညာများဖြင့် ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး MCB တောင်ငူဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးဒေသကြီးအတွင်းရှိ အစဉ်အလာကြီးမားသော ကေတုမတီ (တောင်ငူ) မြို့တွင် တောင်ငူဘဏ်ခွဲ ဖွင့်လှစ်နိုင်ခဲ့ ခြင်းနှင့် ပတ်သက်ပြီး အလွန်တရာ မှ ဝမ်း‌မြောက်ဂုဏ်ယူမိကြောင်းကို MCB ဘဏ်၏ CEO ဖြစ်သူ Mr. BHESH RAJ KHATIWADA မှ “တောင်ငူဘဏ်ခွဲစတင်ဖွင့်လှစ်သည့်နေ့မှစပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူမိဘပြည်သူများအတွက် အပ်ငွေအမျိုးအစားအားလုံး၊ အလုပ်သမားငွေပေးချေမှု၊ ပြည်တွင်းပြည်ပငွေလွှဲမှု၊ လုပ်ငန်းအမျိုးအစားအားလုံးနှင့် ကိုယ်ပိုင်ချေးငွေများ၊ သွင်းကုန်၊ ပို့ကုန်ငွေပေးချေမှုများ၊ debit ကတ်များ၊ mobile banking ၊ Citizens Pay wallet၊ internet banking အစရှိတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ချစ်ခင်လေးစားတန်ဖိုးထားတဲ့ မိတ်ဟောင်းမိတ်သစ် customers များကို အထူးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအချို့ကို အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပငွေလွှဲပေးပို့မှု၊ အလုပ်သမားများငွေပေးချေမှု၊ ပို့ကုန်၊ သွင်းကုန်ငွေပေးချေမှု အစရှိတဲ့ ဝန်ဆောင်မှုများအတွက် အခကြေးငွေများအားလုံးကို ပထမတစ်လအတွက် အပြည့်အဝကင်းလွတ်ခွင့် ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ဘဏ်ဖွင့်ပွဲအထိမ်းအမှတ် ပထမလအတွက် ချေးငွေရယူခြင်းဝန်ဆောင်ခများကို အပြည့်အဝ ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အခု အသစ်ဖွင့်လှစ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ တောင်ငူဘဏ်ခွဲကို လာရောက်ပြီး ကိုယ်ပိုင်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေရဲ့ အကျိုးရလာဒ်များကို တွေ့ကြုံခံစားနိုင်ဖို့အတွက် မိတ်ဟောင်းမိတ်သစ် customers များကို ဖိတ်ခေါ်လိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်
ထို့အပြင် MCB ဘဏ်သည် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ အများပြည်သူများအတွက် အကောင်းမွန်ဆုံးဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်ရန်ရည်ရွယ်ပြီး ဘဏ်ခွဲအသစ်‌ပေါင်းများစွာကို နိုင်ငံတစ်ဝှမ်း ထပ်မံဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားရှိကြောင်းသိရှိရပါသည်။
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank – MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်း (၃၁) ကျော်ကြာခိုင်ခိုင်မာမာရပ်တည်ထားနိုင်ခဲ့ပြီး သုံးစွဲသူမိဘပြည်သူများ၏ ယုံကြည်မှု၊ အားကိုးမှုကို အပြည့်အဝ အခိုင်အမာရရှိထားသည့် သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်းရှိ ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံပြည့်စုံကြွယ်ဝလှသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၅၃ ဘဏ်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၅၀၀ ခန့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာဝန်‌ဆောင်မှုပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။ အခြားသောသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်

  • ၀၁ ၈၃၈၆၀၂၂
    marketing@mcb.com.mm (စျေးကွက်နှင့်ဆက်သွယ်ရေးဌာန)

Other News