ကိုဗစ်-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုအား တားဆီးနိုင်ရန်အတွက် လူမှုရေး အကွာအဝေး လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အခြားသက်ဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးကို Online အသုံးပြု၍ ကျင်းပပြုလုပ်မည်ဖြစ်၍ အစုရှယ်ယာရှင်များ အစည်းအဝေး တက်ရောက်နိုင်ရန်နှင့် ဆန္ဒမဲပြုပေးရန်အတွက် အစုရှယ်ယာရှင်များ၏ MCB ဘဏ်နှင့် Yangon Stock Exchange တို့တွင် မှတ်ပုံတင်ထားသည့် နေရပ်လိပ်စာနှင့် Mobile ဖုန်းနံပါတ်များ မှန်ကန်ရန် လိုအပ်ပါ၍ အောက်ပါအချက်များအား အစည်းအဝေးမတိုင်မီ ပြည့်စုံအောင် ကြိုတင်ပြင်ဆင်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အစည်အဝေးကျင်းပမည့်နေ့ | ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (တနင်္ဂနွေနေ့) |
အစည်အဝေးစတင်မည့်အချိန် | နံနက် (၁၀)နာရီ မှ မွန်းလွဲ (၁၂:၃၀)အထိ |
ကျင်းပမည့်စနစ် | Zoon Meeting |
MCB ဘဏ်မှ အစုရှယ်ယာရှင်များထံသို့ (၁-၁၂-၂၀၂၀) နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အမြန်ချောပို့ဖြင့် ဖိတ်ကြားလွှာပေးပို့ထားပြီးဖြစ်ပါသည်။ ဖိတ်ကြားလွှာ ရောက်ရှိချိန်တွင် ဖိတ်စာပေါ်တွင် အစုရှယ်ယာရှင်၏ လိပ်စာဖြင့် တွဲ၍ ဖော်ပြထားသည့် ဘဏ်၌မှတ်တမ်းတင်ထားသော အစုရှယ်ယာရှင်၏ Mobile ဖုန်းနံပါတ်အား မှန်/မမှန် စစ်ဆေးပေးရန် လိုအပ်ပါသည်။ (ဖိတ်ကြားလွှာတွင် Mobile ဖုန်းနံပါတ် မပါရှိပါက (သို့) ကွဲလွဲနေပါက မိမိတို့၏ Mobile ဖုန်း နံပါတ် အမှန်များအား 09 974039934 ထံသို့ (၁၅-၁၂-၂၀၂၀) နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့သူ အစုရှယ်ယာရှင်၏ အမည်၊ ရှယ်ယာပိုင်ဆိုင်မှုအရေအတွက်၊ မှတ်ပုံတင်အမှတ်နှင့် Mobile ဖုန်းနံပါတ်တစ်ခုကို Messages ပေးပို့ရန် လိုအပ်ပါသည်။)
၁၉-၁၂-၂၀၂၀ နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အောက်ပါအချက် (၄)ချက်အား အတည်ပြုရန်အတွက် အစုရှယ်ယာရှင်များ၏ သဘောထားရယူရန် အတွက် ဆန္ဒမဲပေးရမည့် Link အား Election Buddy ၏ Online Voting SMS No. +1(484)900xxxx ဖြင့် ပေးပို့မည်ဖြစ်ပါသည်။ အစုရှယ်ယာရှင်များ အနေဖြင့် Link ရရှိချိန်မှစ၍ ၂၀-၁၂-၂၀၂၀ နေ့ နံနက် (၀၉:၀၀) ထက်နောက်မကျဘဲ မိမိတို့၏ သဘောထားအား ဆန္ဒပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အစုရှယ်ယာရှင်များအနေဖြင့် အကြံပြုချက်/ မေးမြန်းလိုသည့်အချက်အလက်များရှိပါက ၂၀၂၀ခုနစ်၊ ဒီဇင်ဘာလ (၁၅)ရက်၊ အင်္ဂါနေ့ညနေ (၄:၃၀)နာရီနောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့သို့လိပ်မူ၍ MCB ၏ အီးမေးလ်အမှတ် ayechanphyuphyu@mcb.com.mm သို့ ပေးပို့နိုင်ပါသည်။မြန်မာနိုင်ငံသားများဘဏ်လီမိတက်အနေဖြင့် ပထမဆုံးအကြိမ် Online အသုံးပြု၍ AGM ကျင်းပခြင်းဖြစ်ရာ အကြောင်းကြောင်းကြောင့် လိုအပ်ချက်များရှိပါကလည်း နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။