“ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများတွင် ရာခိုင်နှုန်းဖြင့်အကျိုးအမြတ်ရယူ၍ ငွေသားထုတ်ပေးခြင်းများ ၊ ဘဏ်၏ ငွေစာရင်းထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊ ဘဏ်ဝန်ဆောင်ခ နှုန်းထားများ အပြင်ရာခိုင်နှုန်းဖြင့် အခကြေးငွေ ကောက်ယူပါက မြန်မာနိုင်ငံသားများဘဏ်၏ ဖုန်းနံပါတ် ၀၁-၈၃၈၆၀၂၄ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖုန်းနံပါတ် ၀၆၇-၄၁၈၅၀၅ သို့ တိုင်ကြားနိုင်ပါသည်”

ပရိုမိုးရှင်းအစီအစဥ်

“စုငွေလည်းပွား ကိုရီးယားလည်းသွား” အထူးပရိုမိုးရှင်းအစီအစဥ်

Myanmar Citizens Bank – MCB ဘဏ်မှာ ငွေစုရုံနဲ့ ကိုးရီးယားနိုင်ငံကို အခမဲ့ သွားရောက်လည်ပတ်နိုင်မယ့် “စုငွေလည်းပွား ကိုးရီးယားလည်းသွား” ဆိုတဲ့ အထူးအခွင့်အရေးအစီအစဥ်တစ်ခုကို MCB ဘဏ်ရဲ့ မိတ်ဟောင်းမိတ်သစ် customers များအတွက် ယူဆောင်လာပါပြီရှင်။​
ဒီအထူးအစီအစဥ်ကြီးမှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ MCB ဘဏ်မှာ သိန်း (၃၀၀) ကို (၃) လ ငွေစုရုံနဲ့ အိုပါးတို့ရဲ့ ကိုရီးယားမြေကို ၄ ရက်တာ အခမဲ့ အလည်အပတ်သွားရောက်နိုင်မယ့် အထူးအခွင့်အ‌ခွင့်အရေးအပြင် လစဉ်လတိုင်း ငွေသားဆုမဲတွေအဖြစ် သိန်း (၂၀) တစ်ဆု၊ (၁၀) သိန်းဆု တစ်ဆု၊ (၅) သိန်းဆု ၂ ဆု၊ (၁) သိန်းဆု ၁၀ ဆုတို့ကို မဲဖောက်ကံစမ်းပေးသွားဦးမှာဖြစ်ပါတယ်ရှင်။​

ပါဝင်ကံစမ်းနိုင်သူများ

ဒီ “စုငွေလည်းပွား ကိုးရီးယားလည်းသွား” ဆိုတဲ့ အစီအစဥ်ကြီးမှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ အောက်ပါစည်းမျဥ်းစည်းကမ်းများနဲ့ ကိုက်ညီသူ မည်သူမဆို ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်ရှင်။

ပါဝင်ကံစမ်းနိုင်သူများ
• မည်သည့် MCB ဘဏ်အကောင့်အမျိုးအစားမဆို ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
• လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် မိမိ၏ ဘဏ်အကောင့်ထဲတွင် သိန်း ၁၀၀ အနည်းဆုံးရှိရမည်ဖြစ်သည်။
• အထူးဆုကြီးဖြစ်သည့် ကိုးရီးယားနိုင်ငံခရီးစဥ်အတွက် မိမိ၏ ဘဏ်အကောင့်ထဲတွင် သိန်း ၃၀၀ အနည်းဆုံးရှိရမည်ဖြစ်သည်။
• အကောင့် ID တစ်ခုလျှင် တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။

ဆုလက်ဆောင်များ

“ဆုငွေလည်းပွား ကိုးရီးယားလည်းသွား” အထူးပရိုမိုးရှင်းအစီအစဥ်တွင် ငွေသားဆုလက်ဆောင်များအဖြစ် ၁ သိန်းဆု ၁၀ ဆု၊ ၅ သိန်းဆု ၂ ဆု၊ ၁၀ သိန်းဆု ၁ ဆု၊ သိန်း ၂၀ ဆု ၁ ဆုအပြင် အထူးဆုကြီးအဖြစ် ကိုးရီးယားနိုင်ငံကို ၃ ညအိပ် ၄ ရက်တာခရီးစဥ်ကို အခမဲ့ သွားရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။​

ကံစမ်းမဲကာလ

သြဂုတ်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ

စည်းကမ်းသတ်မှတ်ချက်များ

အထက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီရုံနဲ့ အိုပါးတို့ရဲ့ ကင်ချီမြေကို ၃ ညအိပ် ၄ ရက်တာ အလည်အပတ်သွားရောက်ခွင့်ရရှိနိုင်မှာဖြစ်ပြီး ဒီအစီအစဥ်အတွက် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအနေနဲ့ –
• လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် ကံထူးရှင်ရွေးချယ်ခြင်းကို လစဥ် ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာပေးသွားမည်ဖြစ်သည်။
• လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် “ပထမအကြိမ်အဖြစ်” သြဂုတ်လ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး ကံထူးရှင်များကို စက်တင်ဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ပထမအကြိမ် လစဥ်ငွေသားဆုလက်ဆောင်များအဖြစ် –
၁၀၀,၀၀၀ ဆု ၅ ဆု
၅၀၀,၀၀၀ ဆု ၁ ဆု
၁,၀၀၀,၀၀၀ ဆု ၁ ဆု
တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
• လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် “ဒုတိယအကြိမ်အဖြစ်” စက်တင်ဘာလ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး ကံထူးရှင်များကို အောက်တိုဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ဒုတိယအကြိမ် လစဥ်ငွေသားဆုလက်ဆောင်များအဖြစ် –
၁၀၀,၀၀၀ ဆု ၅ ဆု
၅၀၀,၀၀၀ ဆု ၁ ဆု
၂,၀၀၀,၀၀၀ ဆု ၁ ဆု
တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
• လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် ကံထူးရှင်များကို ရွေးချယ်ကြေငြာပြီးနောက် ဆုလက်ဆောင် ငွေသားများကို ကံထူးရှင်များ၏ MCB ဘဏ်အကောင့်စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်းလွှဲပြောင်းပေးသွားမည်ဖြစ်သည်။
• အထူးဆုကြီးဖြစ်သည့် “ကိုးရီးယားမြေသို့ ၄ ရက်တာ အခမဲ့ အလည်အပတ်သွားရောက်ခွင့်” ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အထူးဆုကြီး၏ ကံထူးရှင်အမည်ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။
• အထူးဆုကြီးအတွက် ကံထူးရှင်ရွေးချယ်ရာတွင် Winner, 1st Runner Up, 2nd Runner Up အဖြစ် ၃ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး အထူးဆုကံထူးရှင်သည် အကြောင်းအမျိုးမျိုးကြောင့် ကိုးရီးယားနိုင်ငံသို့အလည်အပတ်ခရီးစဥ်ကို လိုက်ပါနိုင်ခြင်းမရှိခဲ့ပါက 1st Runner Up မှ အစားထိုးခံစားခွင့်ရှိမည်ဖြစ်သည်။
• ယခုအစီအစဥ်၏ အထူးဆုကြီးဖြစ်သည့် “ကိုးရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်ခွင့်” ကို ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရသူသည် မိမိနှင့်အတူ မိမိကြိုက်နှစ်သက်သူ အဖော်တစ်ဦးကို ခရီးစဥ်အတွင်း ခေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။
• ယခုအစီအစဥ်၏ အထူးဆုကံထူးရှင် (+ ၁ ဦး) သည် ကိုးရီးယားနိုင်ငံသို့ ၃ ညအိပ် ၄ ရက်တာခရီးစဥ်အတွက် လေယာဥ်လက်မှတ် (အသွားအပြန်)၊ Visa ဝန်ဆောင်မှု၊ 3 Stars ဟိုတယ်တွင် ၃ ညတာ တည်းခိုနေထိုင်ခွင့်၊ အစားအသောက်နှင့် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့အတွင်း အထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်ခွင့်တို့ကို ရရှိသွားမည်ဖြစ်ပြီး ခရီးစဥ်အစအဆုံးအတွက် MCB ဘဏ်မှ တာဝန်ယူစီစဥ်ပေးသွားမည်ဖြစ်သည်။
• အထူးဆုကံထူးရှင်သည် ပတ်စ်ပို့မရှိ၍ဖြစ်စေ၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ၊ Visa ကြောင့်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် ခရီးစဥ်ကို မလိုက်ပါနိုင်ခဲ့ပါက မိမိ၏ သန်းခေါင်စာရင်းပါ မိသားစုဝင်တစ်ဦးကို လွှဲပြောင်းခံစားခွင့်ရရှိမည်ဖြစ်သည်။
• ယခုအစီအစဥ်၏ အထူးဆုကံထူးရှင်သည် အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါနိုင်ခြင်းမရှိခဲ့ပါက အခြားလူတစ်ဦးအား လူစားထိုးစေလွှတ်ခြင်း၊ ငွေသားအဖြစ်ပြန်လည်လဲလှယ်ခြင်းတို့ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
• ယခုအစီအစဥ်တွင် MCB ဘဏ်၏ ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
• အကယ်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
ကဲ …
ငွေစုရင်း အတိုးလည်းရ၊ ဗလာမပါ ငွေသားဆုမဲများကိုလည်း ကံထူးခွင့်ရရှိနိုင်မယ့်အပြင် အိုပါးတို့ရဲ့ ကင်ချီမြေကိုလည်း အခမဲ့ အလည်အပတ်သွားရောက်နိုင်မယ့်အခွင့်အရေးကြီးကို ရယူနိုင်ဖို့အတွက် အခုပဲ MCB ဘဏ်မှာ ငွေစုရင်း ကံစမ်းလိုက်ကြစို့နော်။

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.

HAPPY CALLING

WE’LL BE MORE THAN HAPPY TO ANSWER ANY CONCER YOU MAY HAVE.